ဗိုလ်တတောင်မြို့နယ်၌ အမျိုးသမီးအိမ်တွင်း အကြမ်းဖက်ခံရမှု ကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲ ဆောင်ရွက်

ဗိုလ်တထောင် ဖေဖော်ဝါရီ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယနေ့နံနက ၉နာရီခွဲအချိန်က အမျိုးသမီးများအိမ်တွင်း အကြမ်းဖက်ခံရမှုကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲ ဆောင်ရွက်ခဲ့သည်။

အဆိုပါ Talk Show ဆွေးနွေးပွဲ၌  ဗိုလ်တထောင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံကျွမ်းကျင်-၃  ဒေါ်မြတ်မြတ်စိန်က မိမိတို့ ဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာ၊ ဗဟုသုတရရှိစေရန်ရည်ရွယ်၍ ယခုလို Talk Show ဆွေးနွေးပွဲများ ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးပြီး စာရေးဆရာမ ဒေါ်မေမြတ်စန္ဒာက  မြန်မာအမျိုးသမီးများနေ့ စတင်ပေါ်ပေါက်လာခဲ့ပုံ၊ အမျိုးသမီးများသည် အနာဂတ် သား/ သမီးကောင်းများကို ပြုစုပျိုးထောင် မည့်မိခင်လောင်းများဖြစ်ကြောင်း၊ ယနေ့ ခေတ်အမျိုးသမီးအများစုသည် အိမ်တွင်းအကြမ်းဖက်ခံရမှုများစွာကြုံတွေ့နေရကြောင်း၊ ထိုသို့တွေ့ကြုံလာပါက အမျိုးသမီးများအနေဖြင့် သက်ဆိုင်ရာ အမျိုး သမီးကော်မတီအဖွဲ့ဝင်များထံ အသိပေးတိုင်ကြားသင့်ကြောင်း၊ အမျိုးသမီးများ၏ စွမ်းဆောင်ရည်မြင့်မားရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ အိမ်တွင်းမှုလုပ်ငန်းများ အပါအဝင် အသက်မွေးဝမ်း​ကျောင်း ပညာရပ်များ တိုးမြှင့်သင်ကြားပေးပြီး အလုပ်ကိုင်အခွင့်အလမ်းများ ပေါ်ပေါက်လာအောင် ဆောင်ရွက်ခြင်းအားဖြင့် အကြမ်းဖက်ခံရမှုမှ ကာကွယ်နိုင်ကြောင်း စသည့် အကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဗိုလ်တထောင်မြို့နယ်ရုံးအနေဖြင့်  အသိပညာပေး Talk Show  ဆွေးနွေးပွဲ များကို Online မှတစ်ဆင့်  ပြည်သူများ အသိပညာ၊ ဗဟုသုတများ တိုးပွားစေရေးအတွက်  လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မေနှင်း(ပြန်/ ဆက်)