သံဖြူဇရပ် ဖေဖော်ဝါရီ ၂၀
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် (၇၅)နှစ်မြောက် မြန်မာ-ရုရှားသံတမန်ဆက်ဆံရေးထူထောင်မှု အထိမ်းအမှတ်အသိပညာပေး နံရံကပ်စာစောင်ကို အများပြည်သူများ သိရှိလေ့လာနိုင်ရန်အတွက် ဖေဖော်ဝါရီ(၂၀)ရက်နေ့ နံနက်ပိုင်းမှ စတင်ပြသဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် သံဖြူဇရပ်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများနှင့် ဒေသနေပြည်သူများအား (၇၅)နှစ်မြောက် မြန်မာနှင့်ရုရှားတို့၏ သံတမန်ဆက်ဆံရေးထူထောင်မှု အထိမ်းအမှတ်အဖြစ်နှစ်နိုင်ငံ ချစ်ကြည်ရေးခရီးစဉ်မှတ်တမ်းများ၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မှတ်တမ်းများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အဖွဲ့ဝင်များ အရှေ့ဖျားရေငုတ်သင်္ဘောဌာနချုပ်၊ အာကာသလွှတ်တင်ရေးစခန်း၊ လေယာဉ်ထုတ်လုပ်ရေးစက်ရုံများ လေ့လာကြည့်ရှုခဲ့သည့် မှတ်တမ်းပုံများအား ပြသဆောင်ရွက်ထားကြောင်း သိရသည်။ အဆိုပါ နံရံကပ်ပြဘုတ်တွင် နှစ်နိုင်ငံအစိုးရအကြီးအကဲများ အချင်းချင်းပူးပေါင်းဆောင်ရွက်ခဲ့သည့် မှတ်တမ်းဓါတ်ပုံများအားပြသပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ ဆက်)