ခိုလမ် ဖေဖော်ဝါရီ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ခိုလမ်မြို့၊ မြို့မဈေးအတွင်း မြို့နယ်ခွဲစည်ပင်သာယာရေးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို ဖေဖော်ဝါရီ ၁၈ ရက်နေ့နံနက်(၁၀:၀၀)အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားမပေါ်ပေါက်စေရေးနှင့် မီးဘေးအန္တရာယ်များ ကင်းရှင်းစေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို မြို့မဈေးအတွင်းရှိ ဆိုင်ခန်းများအပေါ်သို့ ရေများပတ်ဖြန်းပေးခဲ့ပြီး မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မြင့်နှင့် ဌာနဆိုင်ရာအကြီးအကဲများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။
နေလင်းထွန်း(ပြန်/ဆက်)