စက်သုံးဆီအ‌ရောင်းဆိုင်များတွင် မီးဘေးကြိုတင်ကာကွယ်‌ရေးဆောင်ရွက်ထားရှိမှုများ ကွင်းဆင်းစစ်ဆေး

ခိုလမ် ဖေဖော်ဝါရီ ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ မီးဘေးကြိုတင်ကာကွယ်‌ရေး ဆောင်ရွက်ထားရှိမှုများကို ဖေဖော်ဝါရီ ၁၈ ရက်နေ့ နံနက်(၉:၃၀)အချိန်က ကွင်းဆင်းစစ်ဆေးအကြံပြုခြင်းများ ဆောင်ရွက်ခဲ့သည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့အထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မြင့်နှင့် ဝန်ထမ်းများ၊ မြို့မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးဇင်မင်းဦးနှင့် တပ်ဖွဲ့ဝင်များ၊ လျှပ်စစ်ဦးစီးဌာန၊ စည်ပင်သာယာရေးဌာနနှင့်မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပူး‌ပေါင်း၍ ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်၍ မြို့အတွင်းမီးလောင်မှု၊ မီးလန့်မှုများမဖြစ်ပွားမပေါ်ပေါက်စေရေးနှင့် မီးဘေးအန္တရာယ်များကင်းရှင်းစေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေးစစ်ဆေးအကြံပြုခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ 

နေလင်းထွန်း(ပြန်/ဆက်)