တပ်ကုန်းမြို့၌ ခွေးနှင့်ကြောင် ငါးထောင်ကျော်ကို ခွေးရူးရောဂါကာကွယ်ဆေး ထိုးနှံပြီးစီး

တပ်ကုန်း ဖေဖော်ဝါရီ ၂၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနအနေဖြင့် “၂၀၃၀ ခုနှစ်တွင် ခွေးမှ တဆင့် ကူးစက်တတ်သော ခွေးရူးရောဂါကြောင့် လူသေဆုံးမှုပပျောက်ရေး” ဟူသော တစ်ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်ကို အကောင်အထည်ဖော်ရန်အတွက် တစ်မြို့နယ်လုံးတွင် ခွေးများအစုလိုက် ခွေးရူးရောဂါကာကွယ်ဆေးထိုးခြင်းလုပ်ငန်း (Mass Dog Vaccination)အား ၂၀၂၃ ခုနှစ်တွင် စတင်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

တပ်ကုန်းမြို့နယ်တွင် ဌာနဆိုင်ရာရုံးများနှင့် ပရိယတ္တိစာသင်တိုက်များဝန်းအတွင်း ရောက်ရှိနေ သည့် ခွေးလေခွေးလွင့်များ၊ ရပ်ကွက်၊ ကျေးရွာများတွင် မွေးမြူထားသည့် အိမ်မွေးခွေးများ စုစု ပေါင်း(၄)သောင်းကျော် ခန့်မှန်းလျာထားပြီး၊ ခွေးရူးရောဂါကာကွယ်ဆေး(အခမဲ့)ထိုးနှံပေးခဲ့ရာ ယနေ့ထိ ကြောင်အကောင်ရေ(၁၅၀)ကောင်၊ ခွေးအကောင်ရေ(၅၀၀၀)ကောင်တို့ကို ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်းနှင့် ကျန်ရှိနေသေးသည့် ကြောင်နှင့် ခွေးများကို ခွေးရူးရောဂါကာကွယ်ဆေး ဆက်လက်၍ ထိုးနှံပေးသွားမည်ဖြစ် ကြောင်း  မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။

တင်စိုးလွင်