တံတားမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူငယ်နှင့်စာရိတ္တအကြောင်း သိကောင်းစရာ (Talk Show)ကျင်းပ

တံတား ဖေဖော်ဝါရီ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့နယ် ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Commynity Centre) ခန်းမ၌ လူငယ်နှင့်စာရိတ္တအကြောင်း သိကောင်းစရာ (Talk Show) ကို ယနေ့နံနက်ပိုင်း (၉:၃၀)အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ ကျင်းပပြုလုပ်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မိုးဖြူလွင်နှင့် (Women Club) အဖွဲ့ဝင် ဒေါ်နုနုဝေက စာရိတ္တပညာသည် လူသားတို့၏ ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ စိတ်ထား၊ အမူအကျင့်၊ အလေ့အထစသော ကိုယ်ကျင့်တရားကောင်းများ ရှင်သန်ကြီးထွားရေး၊ မကောင်းသောအမူအကျင့် အတွေးအမြင်များကို ဖယ်ရှားပြီး၊ ကောင်းသောအမူအကျင့်အတွေးအမြင်များကို လမ်းညွှန်သည့် ပညာဖြစ်ကြောင်း၊ နိုင်ငံနှင့်လူမျိုး တိုးတက်ကြီးပွားရေးတွင် စာရိတ္တကောင်းမွန်ခြင်းသည် အဓိကပါဝင်သော အချက်တစ်ချက်ဖြစ်ကြောင်း၊ နိုင်ငံနှင့်လူမျိုးတို့၏ အမာခံအင်အားစုများသည် လူငယ်လူရွယ်များဖြစ်ကြောင်းစသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ (တံတားပြန်ဆက်)