ကလော ဖေဖော်ဝါရီ ၁၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ် တွင် (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး ထူထောင်မှု အထိမ်းအမှတ်အဖြစ် မှတ်တမ်းဓာတ်ပုံများကို ယမန်နေ့မွန်းလွဲပိုင်းက ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မြေစိုက်နံရံကပ်ပြဘုတ်၌ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၈) ရက်နေ့တွင် ကျရောက်သည့် (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေးထူထောင်မှု အထိမ်းအမှတ်အနေဖြင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံ များ၊ နှစ်နိုင်ငံအကြီးအကဲများ တွေ့ဆုံမှု မှတ်တမ်းဓာတ်ပုံများ၊ အစိုးရအချင်းချင်း နှစ်နိုင်ငံရင်းနှီးမြှပ်နှံမှု၊ ကုန်သွယ်ရေးနှင့် စီးပွားရေးအတွက် တွေ့ဆုံလက်မှတ်ရေးထိုးခြင်း အခမ်းအနားဓာတ်ပုံများ၊ ရုရှား အရှေ့ဖျား ရေငုတ်သင်္ဘောဌာနချုပ်၊ ရုရှားရဟတ်ယာဉ်ကုမ္ပဏီများနှင့် အာကာသယာဉ်လွှတ်တင်ရေးစခန်းတို့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ရုရှားနိုင်ငံအကြီးအကဲများ ကြည့်ရှုလေ့လာကြသည့် မှတ်တမ်းဓာတ်ပုံများနှင့် နှစ် (၂၀) ပြည့် အာဆီယံ-ရုရှား ဆွေးနွေးဖက်ဆက်ဆံရေး အထိမ်းအမှတ် ထိပ်သီးအစည်းအဝေး မှတ်တမ်းဓာတ်ပုံများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ပြသထားရာ ပြည်သူများ စိတ်ပါဝင်စားစွာ လေ့လာ ကြည့်ရှုကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)