ပုဂံ-ညောင်ဦး ဖေဖော်ဝါရီ ၁၉
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံမြို့ဟောင်း ကန်တော့ပလ္လင်ဘုရား တောင်ဘက်တွင် ဖွင့်လှစ်ထားရှိသည့် ပုဂံရှေးဟောင်း သုတေသနပြတိုက်ကြီးကို တနင်္လာနေ့နှင့် အစိုးရရုံးပိတ်ရက်များမှအပ နံနက် ၉နာရီခွဲမှ ညနေ ၄ နာရီခွဲအချိန်ထိ ပြည်သူများ လေ့လာနိုင်ရန်ဖွင့်လှစ်ထားရှိကြောင်း ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)တာဝန်ရှိသူများထံက သိရသည်။
ပုဂံရှေးဟောင်းသုတေသနပြတိုက်သမိုင်းအကျဉ်း မြန်မာနိုင်ငံ၏ ပထမဆုံးသော ပုဂံရှေးဟောင်းသုတေသနပြတိုက်ကို ၁၉၀၄ ခုနှစ်တွင် ပုဂံမြို့ဟောင်း၊ အာနန္ဒာဘုရား၏မြောက်ဘက် စောင်းတန်းအနီးတွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၁၉၇၉ ခုနှစ်၊ အောက်တိုဘာလတွင် ကန်တော့ပလ္လင် ဘုရားတောင်ဘက်၌ ရှစ်မြှောင့်ပုံသဏ္ဍာန်ရှိသော ရှေးဟောင်းသုတေသနပြတိုက်ကို ထပ်မံတည် ဆောက်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ ယခုလက်ရှိ ကမ္ဘာ့အဆင့်မီ ရှေးဟောင်းသုတေသန ပြတိုက်ကြီးကို ၁၉၉၈ ခုနှစ် ဧပြီလ ၁၇ ရက်နေ့တွင်ဖွင့်လှစ်ပြသနိုင်ခဲ့ကြောင်း၊ ပြတိုက်ကြီးသည် (၁၀.၃၉) ဧက ကျယ်ဝန်းပြီး ပုဂံမြို့ဟောင်းအတွင်းတည်ရှိကာ အရှေ့မှအနောက်အထိ (၃၈၀) ပေနှင့်တောင်မှ မြောက်(၃၆၀)ပေရှိကာ ပြတိုက်အဆောက်အဦဧရိယာမှာ (၁၃၆၈၀၀) စတုရန်း ပေရှိပြီး ခိုနန်းချိုးပုံစံအဆောက်အဦဖြစ်ကြောင်း၊ ပြသထားသည့်ဧရိယာမှာ (၁၀၁၂၀၀)စတုရန်း ပေရှိပြီး၊ ပြတိုက်ကြီးတွင် အထူးပင်မပြခန်း၊ ပုဂံခေတ်ဗိသုကာပြခန်း၊ပုဂံခေတ်လက်မှုအနု ပညာပြခန်း၊ ပုဂံခေတ်နန်းမြို့ပြခန်း၊ ပုဂံခေတ်စာပေပြခန်း၊ ပုဂံခေတ်လူနေမှုဘဝပြခန်း၊ ပုဂံခေတ်ဗုဒ္ဓအနုပညာပြခန်း၊ ပုဂံခေတ် ဗုဒ္ဓဆင်းတု တော်များပြခန်း၊ ပုဂံခေတ် ဘုရား၊ ပုထိုးပန်းချီပြခန်းနှင့် ပုဂံခေတ်နံရံဆေးရေးပန်းချီပြခန်း စသည့်ပြခန်း (၁၀)ခန်းဖြင့် ခင်းကျင်းပြသထားကြောင်း ၂၀၁၇ ခုနှစ်တွင် ကလေးပြတိုက်ကိုပြတိုက်ကြီး၏ မြောက်ဘက်ရှိ ရှစ်မြှောင်ပုံသဏ္ဍာန် အဆောက်အဦ၌ ခင်းကျင်းပြသထားလျက်ရှိကြောင်း ပုဂံရှေးဟောင်းသု တေသနပြတိုက်တာဝန်ခံမှ ရှင်းပြ၍သိရသည်။
အထူးပင်မပြခန်း အထူးပင်မပြခန်းတွင် ကြီးမားသော သုံးဘက်မြင်ပုဂံရှုခင်းပုံ နံရံပန်းချီကားချပ်၊ သဲကျောက်ဖြင့်ထုဆစ်ထားသော ဗုဒ္ဓဝင်ရှစ်ခန်းနှင့်ဘုဂံခေတ်တွင် ထင်ရှားကျော်ကြားသော မင်းလေးပါးတို့၏ ကြေးရုပ်တုများကိုပြသထားပြီး အမိုးမျက်နှာကြက်အား ရွှေဇဝါယွန်း၊ ရွှေချည် ထိုး၊ သစ်ကပ်ပန်း၊ သစ်သားပန်းပုနှင့် အင်္ဂတေပန်း စသည့်မြန်မာ့အနုပညာလက်ရာများဖြင့် တန်ဆာဆင်ထားသည်ကို လေ့လာတွေ့ရှိနိုင်ပါသည်။
ပုဂံခေတ်ဗသုကာပြခန်း၊ ပုဂံခေတ်ဗိသုကာပြခန်းတွင် ဗိသုကာလက်ရာ ထူးခြားကောင်းမွန်သော ဘုရား(၉)ဆူနှင့် အုတ်ကျောင်းတိုက် (၃)ခုကို ပြသထားသည့်အပြင် ပုဂံနယ်မြေ ဒေသ၏ ရုပ်ကြွမြေပုံကိုလည်းပြသထားကြောင်း၊ ထုထည်အကြီးမားဆုံးမှာ ဓမ္မရံကြီးဘုရားနှင့် ဉာဏ်တော်အမြင့်ဆုံး သဗ္ဗညုဘုရားဖြစ်ပြီး အနုပညာလက်ရာ အကောင်းဆုံးမှာ အနန္ဒာဘုရား တို့ကိုပြသထားသည်။
ပုဂံခေတ်လက်မှုအနုပညာပြခန်း- ပုဂံခေတ်လက်မှုအနုပညာပြခန်းတွင် သစ်သားနဂါးရုံ တံကဲ၊ မြေဆီမီးပဒေသာ စဉ့်ထည်၊ ငွေထည်၊ အင်္ဂတေ၊ ကြေးထည်စသည်တို့ဖြင့်ပြုလုပ် ထားသော ပစ္စည်းများကိုခင်းကျင်းပြသထားပါသည်။ ပုဂံခေတ်မူရင်းအဝတ်ပန်းချီမှာ (၅၅၀) ဇာတ်တော်မှ ဇာတ်နိပါတ် (၉၆) တေလပတ္တဇာတ်တော်ဖြစ်ပြီး ဗာရာဏသီမင်း၏ အငယ်ဆုံးသားတော် (ဘုရားလောင်း)သည် ဂန္ဓာရတိုင်းသို့ ခုနှစ်ရက်ခရီးသွားရောက်ရာ လမ်းခရီးတွင် ဘီလူးမတို့နှင့် တွေ့ခဲ့သော်လည်း အာရုံငါးပါးကိုထိန်းချုပ်နိုင်ခြင်းကြောင့် အသက်ချမ်းသာရာရပြီး ထီးနန်း စည်းစိမ်ရရှိခဲ့ပုံကို သရုပ်ဖော်ထားရှိကြောင်း သိရသည်။
ပုဂံခေတ်နန်းမြို့ပြခန်း ပုဂံခေတ်နန်းမြို့ပြခန်းတွင် အနော်ရထာမင်းကြီး၏ နန်းတော်ပုံစံ ငယ်ကိုပြသထားပြီး ပုဂံခေတ်မှကုန်းဘောင်ခေတ်အထိ နန်းတော်များ၏ ပန္နက်ပုံစံများကို ရေးဆွဲပြသထားပြီူ စစ်လက်နက်ပစ္စည်းပုံစံငယ်များ၊ ရေနံ့သာကင်းတပ်ပုံစံငယ်၊ ပျူ (၁၉)ရွာ ပုံစံငယ်တို့ကိုပြသထားကာ ပဉ္စပါသာဒအဆောင်တွင် သီဟာသနပလ္လင်တော်တည်ရှိပြီး မင်းနှင့် မိဖုရားခေါင်ကြီးတို့ အကန်တော့ခံသောအဆောင် ခင်းကျင်းပြသထားကြောင်း တွေ့ရသည်။
ပုဂံခေတ်စာပေပြန်ခန်း- ပုဂံခေတ်စာပေပြခန်းတွင် မြစေတီကျောက်စာကိုပြသထားပြီး မြစေတီ ကျောက်စာကို ပျူ၊ မွန်၊ မြန်မာ၊ ပါဠစသည့်ဘာသာလေးမျိုးဖြင့် ရေးထိုးထားပြီး (၂၀၁၅) ခုနှစ်တွင် ကမ္ဘာ့မှတ်တမ်းအမွေအနှစ်အဖြစ် သတ်မှတ်ခံခဲ့သည်။ထို့အပြင် တစ်ဘက်မြင်၊ နှစ်ဘက်မြင်၊ လေးဘက်မြင်ကျောက်စာများ၊ တမီးလ်၊ ယိုးဒယား၊ ပျူနှင့် တရုတ်ကျောက် စာများကို ပြသထားသည့်အပြင် ခဲပြားစာ၊စဉ့်ကွင်းစာ၊အုတ်ခဲစာ၊ ပေစာ၊ ပုရပိုဒ်စာ၊ အုတ်ခွက်စာနှင့် မင်စာများကိုလည်း ပြသထားသည်ကိုတွေံရှိနိုင်မှာဖြစ်သည်။
ပုဂံခေတ်လူနေမှုဘဝပြခန်း- ပုဂံခေတ်လူနေမှုဘဝပြခန်းတွင် (၁၁) ရာစု သီရိပစ္စယာ ပုဂံရွာ ပုံစံငယ်ကို ပြသထားသည်။ ဆင်ဖြူရှင်ကျောင်းတိုက်၊ ပုဂံခေတ်ယွန်းထည်လုပ်ငန်း၊ လယ်ယာသုံးပစ္စည်းများ၊ ထန်းလျက်လုပ်ငန်းနှင့် အနော်ရထာမင်းကြီး၏ကင်းတားဆည် တည်ဆောက်ပုံကိုပြသထားကြောင်း တွေ့နိုင်ပေသည်။
ပုဂံခေတ်ဗုဒ္ဓအနုပညာပြခန်း- ပုဂံခေတ် ဗုဒ္ဓအနုပညာပြခန်းတွင် ရွှေထည်၊ ကြေးထည်၊ ဖန်ထည်၊ စဉ့်ထည်၊ ပဉ္စလောဟာ၊ သဲကျောက်၊ အန္ဓဂူနှင့်သစ်သားတို့ဖြင့်ထုဆစ်ထား သော ဗုဒ္ဓဆင်း တုတော်များကို ပြသထားသည်။ ကြေးကြာဖူး၏ ကြေးသွန်းလက်ရာမှာ အထူးကောင်းမွန်ပြီး ကြေးကြာဖူးတွင် ဖွင့်၍ပိတ်၍ရသော ဖွင့်ဖတ် (၈) ချပ်ပါရှိနေသည်ကို လည်းလေ့လာသိရှိ နိုင်သည်။
ပုဂံခေတ် ဗုဒ္ဓဆင်းတုတော်ပြခန်း- ပုဂံခေတ်ဗုဒ္ဓဆင်းတုတော်ပြခန်းတွင် သဲကျောက်၊ ကြေး၊ သစ်သား၊ ယွန်း၊ စကျင်ကျောက်တို့ဖြင့် ထုဆစ်ထားသော ဗုဒ္ဓဆင်းတုတော်များကို ခေတ်အလိုက်ပြသထားပြီး မုဒြာရှစ်မျိုးကိုလည်း ရှင်းလင်းပြသထားကြောင်း၊ နှစ်ကျိတ် ရှစ်ဆူ ဗုဒ္ဓဆင်းတုတော်များကိုလည်းပြသထားပေးသည်။
ပုဂံခေတ်ဘုရားပုထိုးပန်းချီပြခန်း- ပုဂံခေတ်ဘုရားပုထိုးပန်းချီပြခန်းတွင် ဘုရားပုထိုးများ၏ ပန္နက်ပုံ၊ မပြုပြင်မီပုံနှင့်ပြုပြင်ပြီးပုံများကိုပြသထားသည့်အပြင် ကြေးထည်ပြကွက်၊ မြေထည် ပြကွက်များကို ယာယီပြကွက်အဖြစ်ခင်းကျင်းပြသထားသည်။ ပြခန်းတွင် ရွှေဆင်းတုနှင့် ငွေဆင်းတုတို့ကိုလည်း ပြသထားသည်။
ပုဂံခေတ်နံရံဆေးရေးပန်းချီပြခန်း- ပုဂံခေတ်နံရံဆေးရေးပန်းချီပြခန်းတွင် နံရံဆေးပန်းချီ ရှိသောဘုရား (၄၁၆)ဆုအနက်မှ ကူးယူထားသည့် ပုဂံခေတ်မှ ညောင်ရမ်းခေတ်အထိ နံရံ ဆေးရေးပန်းချီလက်ရာများကို ပြသထားသည့်အပြင် အဝတ်ပန်းချီ(ကျိုက်တငိုလ်)ကိုလည်း ပြသပေးထားသည်ကို မြန်မာပြည်အရပ်ရပ်မှ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ဘုရား ဖူးရင်း ပုဂံရှေးဟောင်းသုတေသနပြတိုက်သို့ ဝင်ရောက်လေ့လာနိုင်မည်ဖြစ်ရာ ပြတိုက်ဝင်ကြေး နိုင်ငံသား (၅၀၀)ကျပ်၊ နိုင်ငံခြားသား (၅၀၀၀)ကျပ်နှင့်ရဟန်းသံဃာ၊ သီလရှင်၊ကလေး၊ ကျောင်းသူ/သားများ အခမဲ့ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ (ပုဂံဌာနခွဲ)တာဝန်ရှိသူများထံက သိရသည်။
ဒီပါလင်း