မိုးရွာသွန်းမှုနှင့် လေပြင်းတိုက်ခတ်မှုတို့ကြောင့် ရန်ကုန်တိရစ္ဆာန်ရုံဝင်းရှေ့ စိန်ပန်းပင် အမြစ်ကျွတ်ထွက်ကာလမ်းပေါ်သို့လဲကျ

ရန်ကုန် ဖေဖော်ဝါရီ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ဖေဖော်ဝါရီလ ၁၇ ရက်နေ့က မိုးရွာသွန်းမှုနှင့် လေပြင်းတိုက်ခတ်မှုတို့ကြောင့် ရန်ကုန်တိရစ္ဆာန်ရုံဝင်းရှေ့ ကန်ရိပ်သာလမ်းရှိ စိန်ပန်းပင် အမြစ်ကျွတ်ထွက်ကာ လမ်းပေါ်သို့လဲကျခဲ့ပြီး လူထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။

ထို့အတူ သမိန်ဗရမ်းလမ်း၊ သဘာဝဓါတ်ငွေ့အရောင်းဆိုင်အတွင်းရှိ ညောင်ပင်အမြစ်မှ ကျွတ်ထွက်၍ ကား (၁) စီးပေါ် ညောင်ကိုင်းကျိုးကြခြင်း၊ အုတ်ခြံစည်းရိုး (၁၀') ခန့် ပြိုလဲခြင်းတို့ဖြစ်ပေါ်ခဲ့ပြီး လူထိခိုက်မှုမရှိခဲ့ကြောင်းလည်း သိရသည်။

အဆိုပါ သစ်ပင်၊ သစ်ကိုင်များ လဲကျပျက်စီးမှုဖြစ်ပေါ်ခဲ့သည့် နေရာများသို့ သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိသူများက သွားရောက်ကာ အချိန်မီရှင်းလင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်ဆက်)