မြစ်ကြီးနားတက္ကသိုလ်ကျောင်းဝင်းအတွင်း ဌာနဆိုင်ရာများ၊ စည်ပင်သာယာရေးအဖွဲ့များနှင့်အတူ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို ကချင်ပြည်နယ်ဝန်ကြီးချုပ် ကြည့်ရှုအားပေး

မြစ်ကြီးနား     ဖေဖော်ဝါရီ ၁၉

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စည်ပင်သာယာရေးအဖွဲ့များနှင့်အတူ  ယမန်နေ့ နံနက် ၇ နာရီခွဲက မြစ်ကြီးနားတက္ကသိုလ်ကျောင်းဝင်းအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးခဲ့သည်။

ပြည်နယ်/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စည်ပင်သာယာရေးအဖွဲ့များက မြစ်ကြီးနားတက္ကသိုလ်ဘောလုံးကွင်းနှင့် မိုးလုံလေလုံအားကစားကွင်း ပတ်ဝန်းကျင်ရှိ သစ်ပင်ခြုံနွယ်များ ခုတ်ယူရှင်းလင်းခြင်း၊ အမှိုက်များကောက်ယူခြင်းလုပ်ငန်းများ စုပေါင်းဆောင်ရွက်နေမှုများကို ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ကြည့်ရှုအားပေး ခဲ့ကြပြီး ကျောင်းဝင်းအတွင်း မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်၌ စိုက်ပျိုးပေးထားခဲ့သည့် အရိပ်ရအပင်များ ရှင်သန်မှုအခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကာ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးကြီးကြပ်မှုစောင့် ရှောက်ရေးအသင်းဝင်များက သန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်သူများအတွက် မုန့်နှင့် ရေသန့်ဘူးများကို လိုက်လံဝေငှကျွေးမွေးခဲ့ကြောင်း သိရှိရသည်။

ပြည်နယ်ပြန်/ဆက်