ခရိုင်အဆင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်ရုံးမှ လက်ထောက်တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဂွမြို့နယ် ဒေသခံပြည်သူများနှင့် တွေ့ဆုံ

ဂွ   ဖေဖော်ဝါရီ    ၁၉

သံတွဲခရိုင် ဖွံဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ဂွမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၏ လိုအပ်ချက်များ၊ အခက်အခဲများအား ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်ရုံးမှ လက်ထောက်တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်မှူးချုပ် အောင်ဝင်းသန်းသည် ယမန်နေ့ နေ့လယ် ၁၁ နာရီက၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်က ဂွမြို့နယ်၏ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဒေသဆိုင်ရာ တင်ပြချက်များကို ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်ရုံးမှ လက်ထောက် တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်မှူးချုပ် အောင်ဝင်းသန်းက သံတွဲခရိုင် ဖွံဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ဂွမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၏ လိုအပ်ချက်များ၊ အခက်အခဲများအား ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံရခြင်းဖြစ်သည့်အတွက် မိမိတို့မြို့နယ်တိုးတက်ရာတိုးတက်ကြောင်းဆောင်ရွက်ရာတွင် ပြည်သူများ၏ လိုအပ်များအား သိရှိရန် လာရောက်ခဲ့ရခြင်းဖြစ်ကြောင်း အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။

ထို့နောက်မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့်ရပ်မိရပ်ဖများက ရပ်ကွက်/ကျေးရွာ/မြို့နယ်အတွက် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဖြစ်သည့် စီးပွားရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေး၊ ဒေသခံပြည်သူများ အလုပ်အကိုင်ရရှိရေးစသည့်လုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်ချက်များ၊ အခက်အခဲများကို တင်ပြခဲ့ကြရာ လက်ထောက်တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်က လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်