ချောက်မြို့တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲသို့ ကျောင်းသား၊ကျောင်းသူ ( ၈၇၁) ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်

ချောက် ဖေ​ဖော်ဝါရီ ၁၈

မကွေးတိုင်းဒေသကြီး၊​ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မတ်လ  ၈ ရက်​နေ့မှ ၁၈ ရက်​နေ့အထိကျင်းပမည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ကျောင်းသား၊ကျောင်းသူ စုစုပေါင်း(၈၇၁) ဦး ဖြေဆိုခွင့်လျှောက်လွှာများ တင်သွင်းထားကြောင်းသိရ သည်။

ချောက်မြို့နယ်၌ ၂၀၂၃ ခုနှစ်၊တက္ကသိုလ်ဝင်စာမေးပွဲကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ စ​လေ အ.ထ.က ၊ဂွေးပင်အ.ထ.က ဟူ၍စာစစ်ဌာန (၃)ခုဖြင့်ဖြေဆိုကျင်းပသွားမည်ဖြစ်​ပြီး အဆိုပါစာစစ်ဌာနများတွင်  အပြင်ဖြေ(၈၇၁)ဦးသာရှိကြောင်း  ၊ဖြေဆိုမည့်သူများတွင်     အတွဲ(၁) ဖြေဆိုမည့်သူ (၆၀၅)ဦး၊အတွဲ(၂)​ဖြေဆိုမည့်သူ(၉) ဦး၊အတွဲ(၇)​ဖြေဆိုမည့်သူ(၂၅၇)ဦးဖြစ်​ကြောင်း၊အဆိုပါပြင်ပဖြေဆိုမည့်သူများတွင်ကျောင်းသား(၂၉၈)ဦး၊​ကျောင်းသူ (၅၇၃) ဦး ဝင်ရောက်ဖြေဆိုရန် ဖြေဆိုခွင့်လျှောက်လွှာများ တင်ထားပြီးဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကျော်မိုး(ပြန်/ဆက်)