မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းမှ ချောင်းဆုံမြို့နယ် ကုလားဘီကျေးရွာတွင် စိုက်ပျိုးထားသည့် နေကြာသီးနှံကွင်းသရုပ်ပြပွဲသို့ လာရောက်ကြည့်ရှု

ချောင်းဆုံ ဖေဖော်ဝါရီ ၁၈

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ကုလားဘီကျေးရွာတွင် ၂၀၂၂-၂၀၂၃ ခုနှစ် နေကြာသီးနှံ စိုက်ပျိုးထားရှိမှု အခြေအနေကို ယနေ့ နံနက် (၈)နာရီက တောင်သူဦးထွန်းစိန်၊ ကွင်းအမှတ် (၇၈၄)၊ ဦးပိုင်အမှတ် ၄၇+၄၈ ရေဆင်း(၁) စပ်နေကြာဧက (၁၀၀)မျိုးစိုက်ပျိုးထားမှုကို မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ လာရောက် ကွင်းဆင်းကြည့်ရှုခဲ့သည်။

ရှေးဦးစွာ ချောင်းဆုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်လွင်က ၂၀၂၂-၂၀၂၃ ခုနှစ်၊ မိုးစပါးနှင့် ဆောင်းသီးနှံ စိုက်ပျိုးထုတ်လုပ်မှုအခြေအနေအား ရှင်းလင်းတင်ပြသည်။ ထို့နောက် မွန်ပြည်နယ် ဝန်ကြီးချုပ်က နေကြာ စိုက်ပျိုးတောင်သူများအနေဖြင့် စိုက်ပျိုးရာတွင် ကြုံတွေ့နေရသည့် အခက်အခဲများကို အစိုးရအဖွဲ့မှ တတ်နိုင်သမျှ အားပေးကူညီပေးလျက်ရှိရာ မွန်ပြည်နယ်တွင် ဆီဖူလုံမှုအနေဖြင့် ကြည့်လျှင် (၁၃)ရာနှုန်းသာရှိသည့်အတွက်ကြောင့် ဆီထွက်သီးနှံစိုက်ပျိုးမှုကို ယခုနှစ်ထက် နောင်နှစ်များတွင်လည်း ပိုမိုစိုက်ပျိုးသွားရန်လို ကြောင်း၊ လုပ်ငန်းလုပ်ကိုင်ရာ တွင် အဆင်ပြေစေရေးအတွက် ချေးငွေများကိုအတိုးနှုန်း သက်သာစွာဖြင့် ချေးယူနိုင်ပြီး လုပ်ငန်းဆောင်ရွက်နိုင်ကြောင်း၊ စိုက်ပျိုးသည့် နည်းစနစ်များကိုလည်း စိုက်ပျိုးရေးဦးစီးဌာနမှ ပံ့ပိုးကူညီပေးနေလျက်ရာ မိမိတို့အနေဖြင့် စိုက်ပျိုးသွားရန် သာလိုကြောင်း၊ စိုက်ပျိုးမှုမရှိသည့် တောင်သူများအားလည်း အဖက်ဖက်မှ ဝိုင်းဝန်းပံ့ပိုးပေးသွား မည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် တက်ရောက်လာကြသည့် နေကြာသီးနှံစိုက်ပျိုးတောင်သူများက လက်ရှိကြုံတွေ့နေရသည့် ရေမြောင်း တာတမံ၊ ကျေးရွာတွင်းလမ်း၊ ရေဖူလုံစွာရရှိနိုင်ရေး စသည့် အခက်အခဲများကို  မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့သည်။ ဆက်လက်၍ မွန်ပြည်နယ် ဝန်ကြီးချုပ်နှင့် ဝန်ကြီးများမှ တက်ရောက်လာကြသည့် တောင်သူ များအား သွင်းအားစုများ ထောက်ပံ့ပေးအပ်ခဲ့ပြီး နေကြာစိုက်ပျိုးထားရှိသည့် စိုက်ခင်းအားကြည့်ရှုခဲ့ကာ လိုအပ်သည် များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ချောင်းဆုံ(ပြန်/ဆက်)