ဆွမ်ပရာဘွမ်မြို့တွင် အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့

ဆွမ်ပရာဘွမ် ဖေဖော်ဝါရီ ၁၈

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်က အိမ်တိုင်ရာရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ဆွမ်ပရာဘွမ်မြို့၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ(တတိယ) သုံးလပတ်အတွက် မြို့ပေါ်(၃) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၉)အုပ်စုရှိ ကျေးရွာများ၌ အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ပေးလျက်ရှိရာ မြို့ပေါ် (၃)ရပ်ကွက်ရှိ အဘိုးအဘွား(၅)ဦးအား တစ်ဦးလျှင်(၃၀၀၀၀)ကျပ်နှုန်းဖြင့် မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်အေးအေးကျော့နှင့်အဖွဲ့ဝင်များ၊ မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့များက အဘိုးအဘွားများ၏ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်းသိရသည်။

ဆွမ်ပရာဘွမ်မြို့နယ်အနေဖြင့် မြို့ပေါ်(၃)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၉)အုပ်စုရှိ ကျေးရွာများ၌ အသက်(၈၅)နှစ်နှင့်အထက် အဘိုး အဘွား(၁၇)ဦးအား တစ်ဦးလျှင် ငွေ(၃၀၀၀၀)ကျပ်နှုန်းဖြင့် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများမှတဆင့် ထောက်ပံ့ပေးအပ်ရာ စုစုပေါင်း ငွေကျပ်(၅၁၀၀၀၀)ကျပ်ကို ထောက်ပံ့ပေးအပ်နိုင်ခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ဧပရယ်မိုး(ဆွမ်ပရာဘွမ်)