ဆွမ်ပရာဘွမ်မြို့တွင် ဘော်ဒါဆောင်နေ ကျောင်းသား၊ ကျောင်းသူများနှင့် မူကြိုကလေးငယ်များအား အာဟာရဖြည့်မုန့်များ၊ ကော်ဖီထုပ်များလှူဒါန်း

ဆွမ်ပရာဘွမ် ဖေဖော်ဝါရီ ၁၈

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် ဘော်ဒါဆောင်နေ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများနှင့် မူကြိုကလေးငယ်များအား အာဟာရဖြည့်မုန့်များ၊ ကော်ဖီထုပ်များ လှူဒါန်းခြင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီခွဲအချိန်က အဆိုပါဘော်ဒါ ဆောင်နှင့် မူကြိုကျောင်းများ၌ လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါလှူဒါန်းခြင်းကို ဆွမ်ပရာဘွမ်မြို့ (ဝါစပ်ခူး)ရပ်ကွက်ရှိ ကက်သလစ်အသင်းတော်ဘော်ဒါ ဆောင်မှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအတွက် ကျန်းမာပြီးအာဟာရ ပြည့်ဝကာ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်မြင်စွာ ဖြေဆိုနိုင်ရန် ရည်ရွယ်လျက်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်အေးအေးကျော့နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့များက အာဟာရဖြည့် မုန့်ထုပ်များနှင့် ကော်ဖီထုပ်များကို လှူဒါန်းပေးရာ ကျောင်းသား၊ ကျောင်းသူများက လက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်အေးအေးကျော့နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့များက ကက်သလစ်အသင်းတော်၌ ဖွင့်လှစ်ထားသော မူကြိုနေကလေးငယ်များကို အာဟာရဖြည့်မုန့်များ  လှူဒါန်းခဲ့ကြောင်း သိရသည်။

ဧပရယ်မိုး(ဆွမ်ပရာဘွမ်)