မိုးညှင်း ဖေဖော်ဝါရီ ၁၈
ကချင်ပြည်နယ်အစိုးအဖွဲ့ဝင် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် မြို့နယ်သစ်တောဦးစီးဌာနပိုင် မြို့မသစ်တောပျိုးဥယျာဉ်သို့ ဖေဖော်ဝါရီ (၁၆)ရက်နေ့ ညနေ (၄)နာရီခွဲတွင် သစ်တောဦးစီးဌာန အရာထမ်း၊ အမှုထမ်း ဝန်ထမ်းများနှင့် သွားရောက်တွေ့ဆုံခဲ့သည်။
ထိုသို့ သွားရောက်တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးသည် မြို့မသစ်တောပျိုးဥယျာဉ်တွင် ၂၀၂၃ ခုနှစ်အတွက် မိုးရာသီ သစ်ပင်စိုက်ပျိုးတောနှင့် လူထုဖြန့်ဖြူးနိုင်ရေးအတွက် ကျွန်း၊ ပျဉ်းကတိုး၊ ယမနေ၊ မန်ဂျာရှား၊ ယင်းမာ၊ မယ်ဇလီ၊ ကံ့ကော်၊ ပျဉ်းမနှင့် ခရေစသည့် ပျိုးပင်ပေါင်း (၁၇၀၀၀) ပင်ကို ပျိုးပင်များ ပျိုးထောင်စိုက်ပျိုးထားရှိမှု အခြေအနေများ ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်၍ ရှင်းလင်းဆောင်၌ မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးကိုကိုဝင်း၊ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး မြို့နယ်သစ်တောဦးစီးမှူးက မိုးညှင်းမြို့နယ်အတွင်း သစ်တောဦးစီးဌာနမှ ထိန်းသိမ်းထားရှိသည့် သစ်တော ကြိုးဝိုင်းများနှင့် ပတ်သက်၍ မြို့နယ်အုပ်ချုပ်မှုနှင့် မြို့မဘိနယ်အုပ်ချုပ်အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ် ဝန်ကြီးက မြို့နယ်အတွင်း သစ်တောသစ်ပင်များဖြင့် ဖုံးလွှမ်းမှုအပေါ် ပျက်ဆီးဆုံးရှုံးမှုမရှိစေရေး သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး စသည့် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)