နောင်ချို စက်တင်ဘာ ၂၉
ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတ အသွားအလာကန့်သတ် စောင့်ကြည့်ရေးစခန်းတွင် အသုံးပြုရန် Mask နှင့် ကျန်းမာရေးသုံးပစ္စည်းများကို မန္တလေးမြို့နေ ဒေါက်တာအောင်ဘုန်းမြင့် မိသားစုမှ ယမန်နေ့က အဆိုပါ ပရဟိတကျောင်း၌ လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါလှူဒါန်းမှုတွင် အလှူရှင် ဒေါက်တာအောင်ဘုန်းမြင့် မိသားစုက Mask ၊ Hand Wash ၊ Hand gel ၊ Face Shield အပါအဝင် ကျန်းမာရေးသုံးပစ္စည်းများကို လှူဒါန်းပေးခဲ့ရာ သဖန်းကိုင်း ပရဟိတ ဆရာတော်ဒေါက်တာအရှင်ပညာလင်္ကာရမှ လက်ခံရယူခဲ့သည်။
သဖန်းကိုင်း ပရဟိတ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းတွင် Quarantine ဝင်ရောက်နေသူ ၂၀ ဦးရှိပြီး ၎င်းတို့၏ စားသောက်နေထိုင်ရေးအတွက် ဆရာတော်မှ တာဝန်ယူ စောင့်ရှောက်ပေးလျက် ရှိကြောင်း သိရသည်။
ထွေးငယ်၊ နောင်ချိုပြန်/ဆက်