မိုင်းခုတ် စက်တင်ဘာလ ၂၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် မြို့ဝင်မြို့ထွက်ဂိတ်တွင် ကျန်းမာရေးစစ်ဆေးခြင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် သတ်မှတ်စည်းကမ်းများ လိုက်နာရေးအသိပညာပေးခြင်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ကြောင်း သိရသည်။
မြို့ဝင်မြို့ထွက်ဂိတ်ဖြစ်သည့် မိုင်းဆတ်-မိုင်းခုတ်-ကျိုင်းတုံကားလမ်းမှ ယမန်နေ့က ဖြတ်သန်းသွား လာသော မော်တော်ယာဉ်(၇)စီးမှ ခရီးသည်(၂၉)ဦးအား ကိုယ်အပူချိန်တိုင်းတာ စစ်ဆေးခြင်း၊ ခရီးသွားရာ ဇဝင်မှတ်သားခြင်း၊ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ ထောက်ခံချက်များ ပါရှိမှု ရှိ၊ မရှိ စစ်ဆေးခြင်း၊ လက်သန့်ဆေးရေဖြင့် လက်သန့်စင်စေခြင်း၊ Mask မပါရှိသူများအား Mask အခမဲ့ဖြန့်ဝေပေးခြင်းနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် သတ်မှတ်စည်းကမ်းများ လိုက်နာရေး အသိပညာပေးခြင်းများ တို့ကို ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ခြင်းကို ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့များ၊ မီးသတ်တပ်ဖွဲ့များနှင့် ကျန်းမာရေးဌာန တို့ ပူးပေါင်း၍ နေ့စဉ် နံနက်(၆)နာရီမှ ည(၆)နာရီထိ အလှည့်စနစ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စိုးတင့် (ပြန်/ဆက်)