ဆွမ်ပရာဘွမ် ဖေဖော်ဝါရီ ၁၇
ကချင်ပြည်နည်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် Health Pouerty Action အဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာများ ညှိနှိုင်းတွေ့ဆုံပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀နာရီချိန်က မိခင်နှင့်ကလေးကျန်းမာရေးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားတွင် ဒေါက်တာမျိုးမင်းကျော် (စီမံကိန်းမန်နေဂျာ)က Health Pouerty Action အဖွဲ့အစည်း အကြောင်းအရာများကို တင်ပြခြင်း၊ ၂၀၂၂ခုနှစ်တွင် ပြီးစီးဆောင်ရွက်ခဲ့သော လုပ်ဆောင်ချက်များ၊ ၂၀၂၃ခုနှစ်တွင် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းတာဝန်အကြောင်းများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ၂၀၂၃ခုနှစ်အတွင်း ဆောင်ရွက်ရမည့် မိခင်နှင့် မျိုးဆက်ပွားကျန်းမာရေးစီမံချက်၊ ကလေးကျန်းမာရေးစီမံချက်၊ အာဟာရဖွံ့ဖြိုးရေးစီမံချက်၊ ငှက်ဖျားရောဂါ တိုက်ဖျက်ရေးစီမံချက်များနှင့် ကျန်းမာရေးအသိပညာပေး စီမံချက်များကို ၁၈-၂-၂၀၂၃ရက်နေ့မှ ၂၄-၂-၂၀၂၃ ရက်နေ့ထိ ၆ရက်ကြာ ဆွမ်ပရာဘွမ်မြို့နယ် ကျေးရွာအုပ်စု ၆အုပ်စု ကျေးရွာပေါင်း ၉ ရွာများသို့ စေတနာ့ဝန်ထမ်းများနှင့် ပူပေါင်းကာ ကွင်းဆင်းကြီးကြပ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စသည့် ရည်ရွယ်ချက်များကို ပရိုဂျက်တာဖြင့် ပြသကာ ရှင်းလင်းဆွေးနွေးခဲ့ပြီး ဆွမ်ပရာဘွမ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့် အဖွဲ့ဝင်များက လိုအပ်သည်များ ပါဝင်ညှိနှိုင်းခဲ့ကြောင်း သိရသည်။
အဆိုပါ Health Pouerty Action (HPA)အဖွဲ့များနှင့်ညှိနှိုင်းတွေ့ဆုံပွဲ အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေါက်တာမျိုးမင်းကျော် (စီမံကိန်းမန်နေဂျာ)နှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ဝန်ထမ်းများက ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။
ဧပရယ်(ဆွမ်ပရာဘွမ်)