ဒလ ဖေဖော်ဝါရီ ၁၇
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် (၁၀) နာရီအချိန်က စာရေးဆရာ ထင်အောင် (ကာယပညာတက္ကသိုလ်၊ ဂျာမဏီ) ရေးသားသည့် ကိုယ်၊ စိတ် ကျန်းမာနည်း (၁၀၀) စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့သည်။
စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာဝင်းက စာဖတ်ဝိုင်းများကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ စာပေချစ်မြတ်နိုးသူများအသင်း (Women Club) အဖွဲ့ဝင် ဒေါ်ဟေမာန်နှင်းက စာရေးဆရာ ထင်အောင် (ကာယပညာတက္ကသိုလ်၊ ဂျာမဏီ)ရေးသားသည့် ကိုယ်၊ စိတ် ကျန်းမာနည်း (၁၀၀) စာအုပ်ထဲမှာပါသည့်အဝလွန်ခြင်းရဲ့ အန္တရာယ်ခေါင်းစဉ်ဖြင့် တက်ရောက်လာသော စာပေချစ်ဝါသနာရှင်များက အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဒလမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် စာဖတ်ရှိန် မြှင့်မား လာစေရန်ရည်ရွယ်၍ ပြည်သူ့စာကြည့်တိုက် Online Page မှတစ်ဆင့် စာအုပ်မိတ်ဆက်ခြင်း၊ ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ စာအုပ်များ ငှားရမ်းပေးခြင်း၊ (Talk Show) နှင့် စာဖတ်ဝိုင်းများဆောင်ရွက်ပေးခြင်း အပြင်သင်တန်းများ၊ ပြပွဲ၊ ပြိုင်ပွဲများကိုလည်း ကျင်းပလျက်ရှိသည်။
မြင့်ဇော် (ပြန်/ဆက်)