ဝိုင်းမော်မြို့နယ်၌ ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းညှိနှိုင်းအစည်းဝေးကျင်းပ

ဝိုင်းမော် ဖေဖော်ဝါရီ ၁၇

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၌ ဌာဆိုင်ရာများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ဝိုင်းမော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဆမားခန်းမတွင် ယနေ့နံနက် ၁၀နာရီချိန်က ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မင်းဦးက နိုင်ငံ‌ရေးဦးတည်ချက်(၁၂)ချက်၊ ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ လုံခြုံရေးဂရုစိုက်ရန်၊ ကိုဗစ်-၁၉‌ ရောဂါကာကွယ်‌ဆေး ရာနှုန်းပြည့်ထိုးနှံ‌ရေး၊ ရပ်ကွက်ကျေးရွာဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ကြရန် မှာကြားပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးထင်လင်းဦးမှ နယ်မြေလုံခြုံရေးနှင့် မိမိလုံခြုံရေး ဂရုစိုက်နေထိုင်ရန်နှင့် ထူးခြားဖြစ်စဉ်ရှိပါက အချိန်နှင့်တပြေးညီတင်ပြကြပါရန် ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးကြည်ထွန်းမှ ဆောင်ရွက်ပြီး၊ ‌‌ဆောင်ရွက်ရန်၊ ရှေ့ဆက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်ပြီး‌နောက် တက်ရောက်လာကြသော ဌာနဆိုင်ရာများမှ မိမိဌာနနှင့် သက်ဆိုင်သောလုပ်ငန်းများကို ဆွေးနွေးတင်ပြခဲ့ပြီး မြို့နယ်စီမံရေးအဖွဲ့ဥက္ကဋ္ဌမှ လိုအပ်သည်များကို ဖြည့်စွက် ပူးပေါင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဖြူစင်