စမ်းချောင်းမြို့နယ်တွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပြီးစီးရေး အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်

စမ်းချောင်း ဖေဖော်ဝါရီ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊  စမ်းချောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရန်အတွက်  အများပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို စဉ်ဆက်မပြတ်ဆောင်ရွက်နေလျက်ရှိရာ ယမန်နေ့ နံနက်(၉)နာရီအချိန်က  မုန့်လုပ်ဆောင်းကုန်း/ တောင်ရပ်ကွက်၊ ဟံသာဝတီလမ်းရှိ အထက(၁)ကျောင်း စွယ်တော်ဆောင်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုး  Centre တွင်  ဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ အသက်(၁၈)နှစ် အထက် ပထမအကြိမ် ကာကွယ်‌ဆေးထိုးနှံသူ(၀)ဦး၊ ဒုတိယအကြိမ် ကာကွယ်‌ဆေးထိုးနှံသူ(၁၅)ဦး၊ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံသူ(၄၀)ဦးစုစုပေါင်း   ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံသူ (၆၅)ဦးတို့ကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံရာနေရာတွင် မလိုလားအပ်သော ပြဿနာတစ်စုံတစ်ရာမရှိစေရေးအတွက် စမ်းချောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများက  ကြီးကြပ်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊  စေတနာရှင် Volunteer များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဆေးထိုးလာသူ မိဘပြည်သူများအား ဝိုင်းဝန်းကူညီ ဆောင်ရွက်‌ပေးခဲ့ကြောင်း သိရသည်။

နီလာစိုး