ဒဂုံမြောက် ဖေဖော်ဝါရီ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၌ အသက်(၈၅) နှစ်အထက် သက်ကြီးဘိုးဘွား လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ယနေ့နံနက်ပိုင်းတွင် ဆက်လက်၍ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးလျက်ရှိသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးအဘိုးအဘွားများအား နိုင်ငံတော်မှ တစ်လလျှင် ငွေကျပ် ၁၀၀၀၀ နှုန်းဖြင့် (၃) လတစ်ကြိမ် ထောက်ပံ့ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တတိယသုံးလပါတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) လများအတွက် အဘိုးအဘွားတစ်ဦးလျှင် လူမှုရေးပင်စင်ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့်ထောက်ပံ့ငွေများအား (၃၅) ရပ်ကွက်တာဝန်ရှိသူများမှ ဆက်လက်ထောက်ပံ့ပေးလျက်ရှိသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်းရှိ အသက် (၈၅) နှစ်အထက်သက်ကြီး ဘိုးဘွား (၉၆၂)ဦးအတွက် စုစုပေါင်း ငွေကျပ် ၂၈၈၆၀၀၀၀/- အား ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရေးဝန်ထမ်းများ၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက အိမ်တိုင်ရာရောက်ထောက် ပံ့ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
မြင့်မြင့်ရီ (ပြန်/ ဆက်)