ပြင်ဦးလွင် ဖေဖော်ဝါရီ ၁၇
ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေး Talk Show ကျင်းပခဲ့သည်။
အဆိုပါ Talk Show တွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယမင်းလှိုင်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနဒုတိယလက်ထောက်ဦးစီးမှူး ဒေါ်ထူးနဒီနိုင်တို့ကစွန့်ပစ်ပစ္စည်းများအကြောင်းသိကောင်းစရာခေါင်းစဥ်ဖြင့် အသိပညာပေး Talk Show ကျင်းပ ဆွေးနွေးခဲ့သည်။
စွန့်ပစ်ပစ္စည်းများအကြောင်း သိကောင်းစရာခေါင်းစဥ်ဖြင့် အသိပညာပေး Talk Showကျင်းပရာ တွင်စွန့်ပစ်ပစ္စည်းဟူသည် ပတ်ဝန်း ကျင်၌ ညစ်ညမ်းမှုကိုဖြစ်ပေါ်စေသောပစ္စည်း ပတ်ဝန်းကျင်တွင် စွန့်ပစ်သည့် ထုတ်လွှတ်သည့် သို့မဟုတ် စုပုံသည့် ရေဒီယိုသတ္တိကြွပစ္စည်းအပါအဝင် အစိုင်အခဲ အရည်အခိုးအငွေ့ စသည်တို့ဖြစ်ကြောင်း၊ လူတို့အသုံးမလို၍ စွန့်ပစ်သောအရာဝတ္ထု ပစ္စည်းများ အရာအားလုံးကို စွန့်ပစ်ပစ္စည်းဟု ခေါ်ဆိုသတ်မှတ်နိုင်ကြောင်း၊ စွန့်ပစ်ပစ္စည်းများကြောင့် ထိခိုက်ဆုံးရှုံးမှုများဖြစ်နိုင်ကြောင်း၊ စွန့်ပစ်ပစ္စည်းများကြောင့် ပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှုများရှိနိုင်ကြောင်း၊ အမှိုက်များ စွန့်ပစ်ခြင်းကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုကိုဖြစ်ပေါ်စေပြီး ဘာဝမြင်ကွင်းနှင့်ရှုခင်းများကိုပါထိခိုက်စေခြင်း၊အမှိုက်ပုံနှင့်အမှိုက်ကန်များမှ ထွက်ရှိသောအနံ့ဆိုး များကြောင့်လေထုညစ်ညမ်းစေခြင်းတို့ဖြစ်ပေါ်စေနိုင်ကြောင်းဖြင့် အမှိုက် စွန့်ပစ်ရာတွင် သတိပြုဆင်ခြင်သင့်ကြောင်းဆွေးနွေးခဲ့သည်။
ထို့ပြင်စွန့်ပစ်ပစ္စည်းများအားလျှော့ချစေနိုင်မည့်နည်းလမ်းများဖြစ်သော Reduce လျှော့သုံးခြင်း၊ Reuse ပြန်လည်အသုံးပြုခြင်း၊ Recycle ပြန်လည်တီထွင်အသုံးချခြင်း နည်းလမ်းစသည်တို့ အားအသုံးပြုသင့်ကြောင်းအကြံပြုဆွေးနွေးခဲ့သည်။
ခရိုင်ပြန်/ဆက်(ပြင်ဦးလွင် )