တပ်ကုန်း ဖေဖော်ဝါရီ ၁၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် စာရေးဆရာမ သက်သက်နွယ်(ရန်ကုန်တက္ကသိုလ်)တို့ ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး (Talk Show)အစီအစဉ်ဆွေးနွေးခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပသည်။
အဆိုပါ (Talk Show)အစီအစဉ်တွင် တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်၊ စာရေးဆရာမ သက်သက်နွယ်(ရန်ကုန်တက္ကသိုလ်)တို့က “ကလေးအလုပ်သမားဆိုတာ ဘယ်သူတွေကိုခေါ်တာလဲ”၊ ကမ္ဘာ့နိုင်ငံများရဲ့ ကလေးအလုပ်သမားအခြေအနေ၊ ကလေးအလုပ်သမားပပျောက်ရေးအတွက် အရေးကြီးသည့် အချက်များ၊ ကလေးအလုပ်သမားတွေလျော့ချဖို့ဆောင်ရွက်သင့်သည့် နည်းလမ်းများကို ဆွေးနွေးခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တပ်ကုန်းမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများ ရရှိစေရန်အတွက် Online မှတစ်ဆင့် အသိပညာပေးအစီ အစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ အဆိုပါကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး (Talk Show)အစီအစဉ်အပြည့်အစုံကို တပ်ကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook page တွင် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တင်စိုးလွင်