မိုင်းငေါ့မြို့ ပြည်သူ့စာကြည့်တိုက်သို့ အသိပညာဗဟုသုတရှာ‌ဖွေရန် ပြည်သူများမှ စာအုပ်စာစောင်များ လာရောက်ငှားရမ်းဖတ်ရှု

မိုင်းငေါ့ ဖေဖော်ဝါရီ ၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် ဒေသခံပြည်သူ လူငယ်လူရွယ်‌လေးများမှ အသိပညာဗဟုသုတရရှိစေရန်၊ စာအုပ်/ စာစောင်များ လာရောက်ငှားရမ်းဖတ်ရှုကြရာ နေ့စဉ်စာကြည့်တိုက်တွင် ဖတ်ရှုသူ များပြားလျက်ရှိကြောင်း သိရသည်။

မိုင်းငေါ့ ပြည်သူ့စာကြည့်တိုက်ကို တစ်ပတ်လျှင် တနင်္ဂနွေတစ်ရက်နှင့် အစိုးရ ရုံးပိတ်ရက်များသာ ပိတ်ထားပြီး နေ့စဉ် ငှားရမ်းပေးလျက်ရှိရာ ဒေသခံပြည်သူများ၊ လူငယ်လူရွယ်‌လေးများက လာရောက်ငှားရမ် ဖတ်ရှုခဲ့ကြကြောင်းနှင့် တစ်ဦးလျှင် (၁)အုပ်နှုန်းဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေးသည့်အပြင်၊ စာပေဖတ်ရှုသူ စာပေဝါသနာရှင်များအတွက် အသိပညာဗဟုသုတတိုးပွားစေရန် နယ်လှည့် Mobile ငှားရမ်းပေးခြင်း၊ ပုံပြောခြင်း၊ ကဗျာရွတ်ခြင်း၊ စက္ကူအရုပ်ခေါက်ခြင်း စသည့် အစီအစဉ်များနှင့် ဟောပြောပွဲများ၊ ပြိုင်ပွဲများ၊ (Talk Show)များကိုလည်း လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြင့်သွယ်(မိုင်းငေါ့၊ ပြန်/ဆက်)