မိုင်းယုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ မီးဘေးလုံခြုံရေး ကြည့်ရှုစစ်ဆေး

မိုင်းယု ဖေဖော်ဝါရီ ၁၇

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ယနေ့နံနက်ပိုင်းက မိုင်းယုမြို့ မီးသတ်တပ်ဖွဲ့မှ မီးဘေးလုံခြုံရေးအတွက် ကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် မိုင်းယုမြို့ မီးသတ်တပ်ဖွဲ့မှ လက်ထောက်ဦးစီးမှူး ဦးစိုင်းအွန်ခမ်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များက အဆိုပါရုံးရှိ မီးသတ်ဆေးဘူးများ စနစ်တကျထားရှိမှုရှိ၊ မရှိ၊ လျှပ်စစ်ဝါယာကြိုးများနှင့် မီးပလတ်ပေါက်များအား ကြည့်ရှုစစ်ဆေးခဲ့ပြီး မတော်တဆ မီးလောင်မှုဖြစ်ပွားပါက မီးသတ်ဆေးဘူးဖြင့် မီးငြိမ်းသတ်မှုများကို ဝန်ထမ်းများအား အသိပညာပေးပြသ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုကိုနိုင်