မိုင်းရယ် စက်တင်ဘာ ၂၈
မိုင်းရယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ စေ့စပ်ညှိနှိုင်းရေးကော်မတီအစည်းအဝေးကို ယမန်နေ့ နေ့လယ်(၂)နာရီကို မိုင်းရယ်မြို့၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေး ခန်းမတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မိုင်းရယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသိန်းဝင်းက အဖွင့်အမှာစကား ပြောကြားပြီး ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ၏ လုပ်ငန်းစဉ်များအား မိုင်းရယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်နန်းစုနိုင်ဦးက ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် တက်ရောက်လာသည့် မိုင်းရယ်မြို့နယ် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီဝင်များ အသီးသီးဆွေးနွေးကြပြီး ကော်မတီအတွင်းပါဝင်သည့် ပါတီဝင်များက သိရှိလိုသည်များကို မေးမြန်းရာ မိုင်းရယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်နန်းစုနိုင်ဦးက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်