ပုဗ္ဗသီရိ​မြို့နယ်၊ အောင်သုခကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်​ရေး စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်

ပုဗ္ဗသီရိ ဖေဖော်ဝါရီ ၁၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ အောင်သုခကျေးရွာအုပ်စု၊  အောင်သုခကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌  မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်​ရေးစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများကို ပုဗ္ဗသီရိမြို့နယ် မီးသတ်ဦးစီးဌာနမှ ယနေ့နံနက်ပိုင်းက သွားရောက်ဆောင်ရွက်ခဲ့သည်။

အဆိုပါမီးဘေးအန္တရာယ် ကြိုတင်ကာကွယ်​ရေး အသိပညာ​ပေးရာတွင် ပုဗ္ဗသီရိမြို့နယ် မီးသတ်ဦးစီးမှူး ဦးညီညီဝင်းပါ (၄) ဦး၊ ​မြို့နယ်လျှပ်စစ်မှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ မြို့နယ်ရဲစခန်းမှ တာဝန်ရှိသူများမှ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရာတွင် စာသင်ကျောင်းများ၌ မီးဘေးလုံခြုံရေးအတွက် အဆောင်တိုင်းတွင် မီးသတ်ဆေးဘူးများထားရှိရန်၊ မီးချိတ်၊ မီးကတ်၊ သဲပုံးများ လုံလောက်စွာထားရှိရန်၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်​ရေးအတွက် ပြင်ဆင်ထားရှိရန် ကျောင်းဆောင်များအား လိုက်လံစစ်ဆေးခဲ့ပြီး၊ မီးဘေးကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သန္တာလင်း(ပုဗ္ဗသီရိ)