တံတားဦး၊ စက်တင်ဘာ ၂၉
မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ လုပ်ငန်းရာသီအတွက် ဧရာဝတီမြစ် သဘာဝရေလျှံကွင်းအတွင်း ငါးမျိုးစိုက်ထည့်ခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီက တံတားဦးမြို့နယ် ငါးရာပြားကျေးရွာအနီးတွင် ကျင်းပသည် ။
အဆိုပါငါးမျိုးစိုက်ထည့်ရာသို့ တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင် ညီတိုး နှင့် ဝန်ထမ်းများ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးလှဝင်းအောင်နှင့် ဌာနဆိုင်ရာများ၊ ကူမဲမြို့ ငါးလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းများ ၊ လူမှုရေးအသင်းအဖွဲ့များက ဧရာဝတီမြစ် သဘာဝရေလျှံကွင်း အတွင်းသို့ ငါးခုံးမကြီး သားပေါက်ကောင်ရေ(၁၂၀)သိန်း ၊ ငါးမြစ်ချင်း ငါးသားပေါက် ကောင်ရေ(၁)သိန်းတို့ အား စိုက်ထည့်ပေးကြသည် ။
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ဧရာဝတီမြစ် သဘာဝရေလျှံကွင်းအတွင်း သားငါးကဏ္ဍ ဖွံ့ဖြိုးတိုးရေး ၊ ကျေးလက်ဒေသဖွံ့ဖြိုးမှုတွင် အထောက်အကူဖြစ်စေရေးနှင့် ဒေသတွင်း ငါးသယံဇာတ များပေါလာ စေရေးတိုကို ရည်ရွယ်၍ ယခုလိုငါးမျိုးစိုက်ထည့်ခြင်းဖြစ်ကြောင်း တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်ထွန်း၏ ပြောကြားချက်အရသိရသည် ။
ရဲတင့်(တံတားဦး-ပြန်/ဆက်)