လားရှိုးမြို့၌ ၂၀၁၉ ခုနှစ် မိုးရာသီ သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံများပျက်စီးဆုံးရှုံးရမှု အပေါ် နိုင်ငံတော်မှ ထောက်ပံ့ကြေးငွေများပေးအပ်

လားရှိုး စက်တင်ဘာ ၂၈

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့၌ ၂၀၁၉ ခုနှစ် မိုးရာသီကာလ သဘာဝေဘေး အန္တရာယ်ကြောင့် သီးနှံများ ပျက်စီးဆုံးရှုံးရမှုအပေါ် နိုင်ငံတော်မှ ထောက်ပံ့ကြေးငွေများ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် (၁၀)နာရီအချိန်က လားရှိုးမြို့ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌  ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

လားရှိုးမြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်မှု ကြီးကြပ်ရေးအဖွဲ့က လားရှိုးမြို့နယ် မန်စယ်ကျေးရွာအုပ်စုရှိ တောင်သူ(၉၂)ဦးတို့အတွက် တစ်ဧက (၁၀၀၀၀)ကျပ်နှုန်းဖြင့် စပါးစိုက်ဧက(၁၈၂)ဧကအတွက် (၁၈၂၀၀၀၀)ကျပ်အား လားရှိုးမြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးအာကာလင်းနှင့်အဖွဲ့တို့က တောင်သူများလက်ဝယ်အရောက် ပေးအပ်ခဲ့ကြသည်။

ဟန်ဌေး(လားရှိုး)