မိုင်းရယ် ဖေဖော်ဝါရီ ၁၆
မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်တွင် ရုရှားနိုင်ငံနှင့် သံတမန်ဆက်ဆံရေး ထူထောင်ချိန်မှစကာ ယခု ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး (၇၅)နှစ်မြောက် စိန်ရတုရှိခဲ့ပြီဖြစ်ပါသည်။
မိုင်းရယ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြေစိုက်နံရံကပ်ပြဘုတ်တွင် အများပြည်သူများ လေ့လာနိုင်ရန် (၇၅)နှစ်မြောက် မြန်မာ-ရှရှား နှစ်နိုင်ငံသံတမန်ဆက်ဆံရေး မှတ်တမ်းဓါတ်ပုံများဖြစ်သည့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန်ပူးပေါင်း ဆောင်ရွက်မှုများကို ပြသထားပြီး ပြည်သူများမှ လေ့လာကြည့်ရှုလျက်ရှိကြောင်း သိရသည်။
မိုင်းရယ် (ပြန်/ ဆက်)