နမ့်ဆန် ဖေဖော်ဝါရီလ ၁၆
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီ က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နမ့်ဆန်ဒေသအဆင့်ရုံး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းဆိုင်လီခမ်းက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားပြီး စာရေးသူမောင်မင်းစိုး၏ လူငယ်နဲ့အပြောင်းအလဲ စာအုပ်မှ “လူငယ်နဲ့ပရဟိတစိတ်ဓာတ် အပိုင်းမှလူတိုင်းလိုလို ပရဟိတဆိုတာလုပ်သင့်ပါတယ်၊ အကောင်ကြီးလေရာထူးကြီးလေ နာမည်ကြီးလေ ပိုပြီးလုပ်သင့်လေပေါ့။ ဘယ်သူပဲဖြစ်ဖြစ် အရိယာပုဂ္ဂိုလ်တွေတောင် ပရဟိတဆိုတာလုပ်ကြရပါတယ်၊ မှား၊ မှားမှန်းသိ လူတော်ဖြစ်နိုင်၏ မှားပါလျက်ပင်မှန်ဟုထင် မှားမြဲမှားမည်ပင်ဆိုသည့်စကားလိုပဲ သူတစ်ပါးကိုမကူညီဘဲ လိုက်နှောက်ယှက်တတ်တဲ့ လူဟာကိုယ့်အမှားကို သိအောင်လုပ်ဖို့လိုပါတယ်၊ ပရဟိတသမား အနေနဲ့ကတော့ သွားရမယ့်လမ်းကြောင်းကို ရဲရဲလျှောက်သွားဖို့ လိုအပ်ပါတယ် စသည့်အကြောင်းအရာကို ဆွေးနွေးခြင်း၊ စာပေချစ်မြတ်နိုးသူများ အသင်း (Book Club) မှဦးဆိုင်းလတ်က ပြောင်းလဲခြင်းနိယာမ ခေါင်းစဉ်ထဲမှ “ပြောင်းလဲမှုတိုင်းလိုလို လက်ခံနေကားမဖြစ်၊ လက်ပိုက်ကြည့်နေ၍လည်းမရ၊ ကောင်းသော ပြောင်းလဲမှုဆီသို့ အသိစိတ်ဓာတ်များဖြင့် ချီတက်နေသည်ကိုမလိုက်ဘဲ လက်ပိုက်ကြည့်မနေဖို့ လိုသည်။ ပြောင်းလဲမှုများဖြင့် လူသားတိုင်းငြိမ်းချမ်းသော အနာဂတ်ကမ္ဘာသစ်ဆီသို့ လက်တွဲညီညီ ဦးတည်သွားနိုင်ရန် လောကကြီးသည် အရေးကြီးလိုအပ်ပါကြောင်း” အကျယ်တဝင့် အသီးသီးဆွေးနွေး ခဲ့ကြသည်။
နမ့်ဆန်မြို့ဒေသအဆင့်ရုံး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများအသိပညာ ဗဟုသုတရရှိရေးအတွက် စာဖတ်ဝိုင်းများအသိပညာပေး ဆွေးနွေးပွဲများ လစဉ်ပြုလုပ်ဆောင်ရွက်ပေးခြင်းဖြင့် စာပေကိုဖတ်ရှုသည့် အလေ့အကျင့်ရရှိစေရန်နှင့် အမှားအမှန်ကို ပိုင်းခြားသိပြီး ပူးပေါင်းဆွေးနွေးဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
နမ့်ဆန်ဒေသ (ပြန်/ဆက်)