ဒလမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ မီးဘေးလုံခြုံရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြပွဲကျင်းပ

ဒလ ဖေဖော်ဝါရီ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံးနှင့်ဌာနဆိုင်ရာရုံးများတွင် မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက မီးသတ်ဆေးဘူး အသုံးပြုတက်စေရန်ရည်ရွယ်၍ မီးဘေးလုံခြုံရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့မီးငြှိမ်းသတ် သရုပ်ပြပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇာနည်ထက်က မီးသတိမူရေး၊ ဌာနဆိုင်ရာရုံးများတွင် အများဆုံးဖြစ်ပွားတတ်သည့် လျှပ်စစ်ဝါယာကြိုးမှတစ်ဆင့် မီးလောင်မှုများမဖြစ်ပေါ်စေရေး၊ မီးသတ်ဆေးဘူးများထားရှိရေး၊ မီးချိပ်၊ မီးကပ်၊ ရေပုံးများ၊ သဲအိတ်များထားရှိရေးနှင့် ပွင့်လင်းရာသီရောက်ပြီဖြစ်၍ မီးဘေးအန္တရာယ် အထူးဂရုပြုလိုက်နာဆောင်ရွက်သွားရေး အသိ ပညာပေးဟောပြောသည်။ ထို့နောက် မြို့နယ် မီးသတ်ဉီးစီးဌာနမှ ဝန်ထမ်းများကမီးဘေး အန္တရာယ်ဖြစ်ပေါ်လာပါက အမြန်ဆုံးမီးငြှိမ်းသတ်ခြင်း၊ မီးသတ်ဆေးဗူး အသုံးပြုငြှိမ်းသတ်ခြင်း၊ အဝတ်ရေစိုဖြင့်မီးငြှိမ်းသတ်ခြင်း၊ ဂတ်စ်မီးဖိုတွင်မီးအသုံးပြုစဉ် မီးလောင်မှုဖြစ်ပွားပါက အောက်စီဂျင်ဖြတ်တောက်ခြင်းဖြင့် မီးငြှိမ်းသတ်ခြင်းများ ကနဦးရှင်းလင်းပြောကြား၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်အတူ လက်တွေ့မီးငြှိမ်းသတ် သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါအဆိုပါဟောပြောပွဲနှင့်သရုပ်ပြပွဲသို့ ဒလမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

မြင့်ဇော် (ပြန်/ဆက်)