ကျောက်တန်း ဖေဖော်ဝါရီ ၁၆
နိုင်ငံတော်အကြီးအကဲများ၏ ဆောင်ရွက်ချက်မှတ်တမ်းများအား ပြည်သူများထံသို့ အချိန်နှင့်တပြေးညီ တင်ပြပေးနိုင်ရေးအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာန လုပ်ငန်းတစ်ရပ်အနေဖြင့် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ကျရောက်မည့် ၇၅နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ်အဖြစ် နံရံကပ်ပြဘုတ်ပြသဆောင်ရွက်ခြင်းအား ယနေ့နံနက်ပိုင်း အချိန်က ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ရှိ မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြသဆောင်ရွတ်ပေးထားကြောင်း သိရှိရသည်။
အဆိုပါ နံရံကပ်ပြဘုတ်တွင် မြန်မာနိုင်ငံသမ္မတများနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ အကြီးအကဲများနှင့် တွေ့ဆုံဆွေးနွေးမှုများ၊ စီးပွားရေးအမြင်ဖလှယ်ဆောင်ရွက်ချက်များ စည်း ဝေးပွဲတက်ရောက်မှုမှတ်တမ်းများ၊ နိုင်ငံပိုင်တည်ဆောက်ရေးလုပ်ငန်းများအား လေ့လာကြည့်ရှု့မှုမှတ်တမ်းများအား ဝေဝေဆာဆာပြသထားရှိရာ ကျောင်းသား/ ကျောင်းသူများနှင့် မြို့နေပြည်သူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှု့ခဲ့ကြကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကျောက်တန်းမြို့နယ်ရုံးအနေဖြင့် နံရံကပ်စာစောင်ပြသခြင်းလုပ်ငန်းများအား လစဉ်ပြသလျက်ရှိပြီး နိုင်ငံတော်မှကြီးမှူးကျင်းပသည့် ပွဲတော်များ၊ နေ့ကြီးရက်ကြီးအခမ်းအနားများနှင့် နိုင်ငံတော်၏ တည်ဆောက်ပြုပြင်ဆောင်ရွက်ချက်များအား လစဉ်ပြသပေးလျက်ရှိကြောင်း သိရှိရသည်။
ကျောက်တန်း(ပြန်/ဆက်)