တွံ​တေးမြို့နယ်တွင် ရေစီးရေလာကောင်းမွန်ရေးအတွက် အုတ်စီရေမြောင်းပြုလုပ်ခြင်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး

တွံတေး ဖေဖော်ဝါရီ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ရေစီးရေလာကောင်းမွန်ရေးအတွက် အုတ်စီရေမြောင်းပြုလုပ်ခြင်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် တွံတေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ရန်ပုံငွေဖြင့် မင်းပိုင်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ စာတိုက်မှ ရွှေညောင်ပင်အထိလမ်းဘေးဝဲ၊ ယာနှစ်ဖက်ကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ(၅)ရက်နေ့မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယနေ့တွင်လုပ်ငန်း (၁၀၀%) ပြီးစီးသွားပြီဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

အဆိုပါ ရေစီးရေလာကောင်းမွန်ရေးအတွက် အုတ်စီရေမြောင်းပြုလုပ်ခြင်းကို တွံတေးမြို့စည်ပင်သာယာရေးအဖွဲ့၊ အင်ဂျင်နီယာဌာန၊ ရေစီးရေလာစီမံခန့်ခွဲမှုမှ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများက ဆောင်ရွက်နေခြင်းဖြစ်ပြီး ရေမြောင်းအကျယ်၊ အနက်မှာဝဲဘက်​ခြမ်းတွင်အရှည်(၁၁၀၀)ပေ၊ အနက်၃ပေ၊ အကျယ်၃ပေကို ခွင့်ပြုရန်ပုံငွေကျပ် (၆၂.၃၇)သန်းဖြစ်လည်းကောင်း၊ ယာဘက်အခြမ်းတွင် အရှည်ပေ(၁၁၀၀)ပေ၊ အနက်၂ပေ၊ အကျယ်၂ပေကို ခွင့်ပြုရန်ပုံငွေကျပ် (၄၁.၀၈)သန်းဖြင့်လည်းကောင်း ဆောင်ရွက်ခြင်း​ဖြစ်ကြောင်း သိရသည်။

အဆိုပါ အုတ်စီရေမြောင်းဆောင်ရွက်ခြင်း​ဖြင့် မိုးတွင်းကာလ မင်းပိုင်းရပ်ကွက်ဗိုလ်ချုပ်လမ်း တစ်လျှောက်ရေကြီးရေလျှံမှုတွေဖြစ်သည့်အတွက် ရေမြောင်းတွေပိတ်ဆို့မှုကြောင့် ရေပြန်ကျဖို့လည်း ကြာမြင့်သည့်အတွက် ရပ်ကွက်နေပြည်သူများ၊ ခရီးသွားပြည်သူများ ဈေးရောင်းသူ၊ စျေးဝယ်သူတွေအတွက် သွားရေးလာရေး အခက်အခဲများကြောင့် ရေစီးရေလာကောင်းမွန်စေရေး အုတ်စီရေမြောင်း၊ ပလက်ဖောင်းပြုလုပ်ရာသို့ တာဝန်ရှိသူများက အရည်အသွေးပြည့်မီရေး အထူးအလေးထား ဆောင်ရွက်ရေး မြေပြင်ကွင်းဆင်း၍ကြီးကြပ်ခြင်းများ ဆောင်ရွက်ရာယခုချိန်တွင် ၁၀၀ ရာခိုင်နှုန်း ပြီးစီသွားပြီဖြစ်သည့်အတွက် ယခုလာမည့် မိုးတွင်းကာလမှာ ကားလမ်းမပေါ် ရေကြီးရေလျှံမှုနှင့်ပြည်သူများ သွားလာရ ပိုမိုအဆင်ပြေသွားမှာဖြစ်ကြောင်း သိရသည်။

တွံတေးသား (ပြန်/ ဆက်)