လှိုင်သာယာ (အရှေ့ပိုင်း) စက်တင်ဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးကော်မတီသို့ အလှူရှင်များမှ လှူဒါန်းထားသော ပစ္စည်းများကို ယမန့်နေ့မွန်းလွဲ ပိုင်းက ရပ်ကွက်/ကျေးရွာများရှိ အခြေခံပညာကျောင်းများတွင် ဖွင့်လှစ်ထားသော Community Based Facility Quarantine Center များသို့ ဖြန့်ဝေလှူဒါန်းပေးလျှက်ရှိသည်။
ထိုသို့ ဖြန့်ဝေလှူဒါန်းရာတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် အ သုံးပြုနိုင်ရန်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးကော်မတီသို့ အလှူရှင်များမှ လှူ ဒါန်းထားသော ပစ္စည်းများဖြစ်ကြသည့် PPE ဝတ်စုံများ၊ Maskများ၊ လက်သန့်ဆေးရည်နှင့် ရေသန့် စသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ပစ္စည်းများကို ရပ်ကွက်/ကျေးရွာများရှိ အမှတ်(၃)ရပ်ကွက်၊ အမှတ်(၅)ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်၊ ရှမ်းချောင်းကျေးရွာ၊ ရွှေလင်ပန်းကျေးရွာရှိ အခြေခံပညာ ကျောင်းများတွင် ဖွင့်လှစ်ထားသော Community Based Facility Quarantine Center များသို့ ဖြန့်ဝေခဲ့ကြသည်။
အဆိုပါ ဖြန့်ဝေလှူဒါန်းရာတွင် လှိုင်သာယာမြို့နယ် အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမောင်၊ မြို့နယ်အလုပ်အမှုဆောင်များနှင့် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တို့က ဖြန့် ဝေကြောင်းနှင့် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ရေးကော် မတီသို့ လှူဒါန်းသော ကိုဗစ်-၁၉ကာကွယ်ရေး ပစ္စည်းများကို Community Based Facility Quarantine Center သို့ ဖြန့်ဝေလှူဒါန်းပေးလျက်ရှိကြောင်းသိရှိရသည်။
ထွန်းထွန်းနိုင်(ပြန်/ဆက်)