စမ်းချောင်းမြို့နယ် ရှမ်းလမ်းစျေး(ဂွစျေး)၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့်အညီ စျေးရောင်းချမှု ရှိ/မရှိ အခြေအနေအား ကြည့်ရှုစစ်ဆေး

စမ်းချောင်း စက်တင်ဘာ ၂၈

ရန်ကုန်အနောက်ပိုင်းခရိုင် စမ်းချောင်းမြို့နယ် အတွင်းရှိ ရှမ်းလမ်းစျေး(ဂွစျေး)၌ ကိုဗစ် ၁၉ ရောဂါ ကြိုတင်ကာကွယ် နိုင်ရန်အတွက် စျေးအတွင်း စျေးရောင်း/စျေးဝယ် ပြည်သူများ ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဘမျိုးသိန်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ တွဲဘက်အတွင်းရေးမှူး ဦးသန်းနှင့် ကော်မတီဝင်များ၊ စမ်းချောင်းမြို့နယ် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ရပ်ကွက်မှ တာဝန်ရှိသူများ လိုက်ပါ၍ စျေးအတွင်း လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြပါသည်။

ထိုသို့ကြည့်ရှုရာတွင် လတ်တလောဖြစ်ပေါ်နေသည့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း ပိုမိုများပြားလာခြင်းကြောင့် စျေးအတွင်း စျေးရောင်းစျေးဝယ်ပြည်သူများ တစ်ဦးမှ တစ်ဦးသို့ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ညွှန်ကြားချက်များကို စနစ်တကျ လိုက်နာကြရန်နှင့် လူစုလူဝေး မဖြစ်ပေါ်စေရေး အတွက် အထူးဂရုပြုကြပါရန် မှာကြားခဲ့ကြောင်း သိရှိရပါသည်။

ခင်ချောဝင်း (ပြန်/ဆက်)