ကမာရွတ် စက်တင်ဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖြစ်ပွားလျက်ရှိသော ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်၊ တားဆီး၊ ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကြေညာချက်များအရ ကမာရွတ်မြို့နယ် လှည်းတန်းစျေးအတွင်း ရောင်းချလျက်ရှိသော စျေးသည်များနှင့် စျေးဝယ်သူများ စနစ်တကျဖြင့် နှာခေါင်းစည်း maskများ လက်အိတ်များဝတ်၍ ရောင်းချနေမှုကို ယနေ့နံနက် ၇ နာရီခွဲ အချိန်က ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယမြို့တော်ဝင် ဦးစိုးလွင်၊ ပြည်သူ့ကျန်းမာရေးနှင့် စျေးများလုပ်ငန်းတာဝန်ခံ ညွှန်ကြားရေးမှူး ဦးသန့်ဇင်ထွန်း၊ မြောက်ပိုင်းခရိုင်စျေးများ ရုံးမှ ခရိုင်မှူး ဦးကျော်မြင့် ၊ မြို့နယ်တာဝန်ခံအရာရှိ ဒေါ်သင်းသင်းကြည်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်သန်းသန်းဌေး၊ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးရဲလွင်အောင်၊ မြို့နယ် စည်ပင်သာယာရေး အဖွဲ့ဝင် ဦးခင်မောင်ထွန်း၊ မြို့နယ် ကိုဗစ်ကော်မတီဥက္ကဋ္ဌ ဦးလင်းအောင်၊ မြို့နယ်အတွင်းရှိ စျေးတာဝန်ခံများ နှင့် We Love Yangon ကမာရွတ်အဖွဲ့များမှ စျေးရောင်းချမှု အခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
တဆက်တည်းမှာပင် ဒုတိယမြို့တော်ဝန် နှင့် အဖွဲ့ဝင်များသည် ဆင်မလိုက်စျေးအတွင်း စနစ်တကျ ရောင်းချနေမှုအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
စိမ်းလဲ့(ပြန်/ဆက်)