အုတ်တွင်း စက်တင်ဘာ ၂၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့၊ ပဲခူးလမ်းရပ်ကွက်အတွင်း ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်မှ ထောက်ပံ့ပေးသော ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ပဲခူးလမ်းရပ်ကွက်၊ အုပ်ချုပ်ရေးမှူးနေအိမ်တွင် ယနေ့ နံနက်ပိုင်းက ပေးအပ်ခဲ့သည်။
အဆိုပါ ထောက်ပံ့ငွေများ ပေးအပ်ရာတွင် အခြေခံလူတန်းစား အိမ်ထောင်စု တစ်စုလျှင် (နှစ်သောင်း) ကျပ်နှုန်းဖြင့် အိမ်ထောင်စု (၄၁၂)စုအတွက် စုစုပေါင်း ထောက်ပံ့ငွေ (ရှစ်ဆယ့် နှစ်သိန်းလေးသောင်း) ကျပ်တိတိအား တတိယအကြိမ်မြောက် လက်ဝယ်အရောက် ထောက်ပံ့ ပေးခဲ့သည်။
ထိုသို့ ထောက်ပံ့ပေးရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား သော ညွှန်ကြားချက်များနှင့် အညီ လက်ဆေးခြင်း၊ နှာခေါင်းစည်းများ တပ်ဆင်စေပြီးမှ လာရောက် ထုတ်ယူစေခဲ့ကြောင်း ပဲခူးလမ်းရပ်ကွက်၊ အုပ်ချုပ်ရေးမှူး ဦးဝင်းလှိုင်ထံမှ သိရသည်။
စည်သူ (ပြန်/ဆက်)