ဘီးလင်း ဖေဖော်ဝါရီ ၁၆
မွန်ပြည်နယ် ၊ဘီးလင်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနသည် ဇုတ်သုတ်ကျေးရွာ၊မိခင်နှင့်ကလေး မူလတန်းကြိုကျောင်း၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေအကြောင်းအသိပညာ ပေးဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းကကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲတွင် ဘီးလင်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဦးညီညီဝင်းက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်၊ ကလေးသူငယ်အခွင့်အရေးများနှင့် ကလေးသူငယ်များလိုက်နာရမည့် စည်းကမ်းများ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေကို လူမှုဝန်ထမ်းဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ကလေးသူငယ်များအား ရပ်ရွာအတွင်းပြန်လည်ဝင်ဆံ့ရေး ၊မိသားစုပေါင်းစည်းရေး လုပ်ငန်းစဉ်များ၊ကလေးသူငယ်များ အကောင်းဆုံးအကျိုးစီးပွား ရရှိနိုင်ရန်အတွက် ရပ်ရွာနှင့်ပူးပေါင်းဆောင်ရွက်သွားရေးနှင့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစု စောင့်ရှောက်ရေး နှင့်ဖွံ့ဖြိုးရေးလုပ်ငန်း (E.C.C.D)အသိပညာ ပေးအစီအစဉ်များကိုဆွေး နွေးပြောကြားခဲ့သည်။ ယင်းနောက် လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ့်အားကိုကိုးမူလတန်းကြိုကျောင်း ဆရာမ ထောက်ပံ့ငွေ (၇၂၀၀၀၀) နှင့် သင်ထောက်ကူပစ္စည်းအတွက် ထောက်ပံ့ ငွေကျပ်(၁၀၀၀၀၀) စုစုပေါင်းငွေကျပ် (၈၂၀,၀၀၀)ကို တာဝန်ခံဆရာမထံသို့ ထောက်ပံပေးအပ် ခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲသို့ ဇုတ်သုတ်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ၊ ကလေးမိဘများ တက်ရောက်ခဲ့ကြကြောင်းသိရ သည်။
မြို့နယ်( ပြန်/ဆက်)