လူငယ်နဲ့ပေါင်းသင်းဆက်ဆံရေးခေါင်းစဥ်ဖြင့်အသိပညာပေး (Talk Show) ပြုလုပ်

ပေါက်တော ဖေဖော်ဝါရီ ၁၅

ရခိုင်ပြည်နယ် စစ်တွေခရိုင် ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူလူထုများအတွက် အသိပညာဗဟုသုတပေးခြင်း အစီအစဉ်များကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့ မွန်းလွဲ ၂ နာရီက လူငယ်နဲ့ပေါင်းသင်းဆက်ဆံရေးခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆောင်ရွက်ခြင်းအစီအစဉ်ကို မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ပြုလုပ်သည်။

အဆိုပါ အစီအစဉ်တွင် ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဝင်းမင်းစိုးကTalk Show ပြုလုပ်ခြင်းပတ်သက်ရှင်းလင်းပြောကြားပြီး Book Club အဖွဲ့ဝင် မောင်ကျော်ဇော်မိုးက လူရယ်လို့ဖြစ်လာရင် တစ်ဦးတစ်ယောက်တည်းနေလို့မရ၊ မိမိမိသားစုပတ်ဝန်းကျင်စတဲ့ အသိုက်အဝန်းနဲ့နေထိုင်ရကြောင်း၊ ပေါင်းသင်းဆက်ဆံရေးလို့ဆို ရာမှာအနည်းဆုံးလူနှစ်ဦးတော့ လိုအပ်မှာဖြစ်ကြောင်း၊ တစ်ဦးနဲ့တစ်ဦး ပြောဆိုဆက်ဆံရာမှာ သိမ်မွေ့ချိုသာဖို့ အရေးကြီးပါကြောင်း၊ လူအများနဲ့ ပြောဆိုဆက်ဆံရာမှာဖြစ်ဖြစ်၊ မိဘနဲ့ပြောဆိုရာမှာဖြစ်ဖြစ်၊ ဆရာဆရာမများနဲ့ ပြောဆိုဆက်ဆံရာမှာဖြစ်ဖြစ်၊ နောက်ဆုံးသူငယ်ချင်း အချင်းချင်းနဲ့ပြောဆိုဆက်ဆံရာမှာဖြစ်ဖြစ် ယဉ်ယဉ်ကျေးကျေးပြောဆိုဖို့ လိုအပ်ပါကြောင်း၊ တစ်ဦးနဲ့တစ်ဦးတွေ့ရင် အရင်ဆုံးအပြုံးလေးနဲ့ နှုတ်ဆက်လိုက်တာနဲ့ တစ်ဖက်လူရဲ့စိတ်မှာ ကျေပါကြောင်းဆွေးနွေးပြောကြားသည်။

ဝင်းမင်းစိုး (ပြန်/ဆက်)