သုံးခွ ဖေဖော်ဝါရီ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ လူငယ်နှင့်စာရိတ္တအသိပညာပေး Talk Show ကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးက လူငယ်နှင့်စာရိတ္တ အသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ပြောကြားပြီး Women Club အဖွဲ့၀င် ဒေါ်ရီရီအေးက စာရိတ္တ ၂ မျိုးရှိပါကြောင်း၊ စာရိတ္တသီလ၊ ဝါရိတ္တသီလတို့ ဖြစ်ပါကြောင်း၊ စာရိတ္တသီလ သဒ္ဓါနှင့် ဝိရိယလိုပါကြောင်း စာရိတ္တဖွံ့ဖြိုးရေး၏ အဓိကအကြောင်းများမှာ မကောင်းသည်ကို တားမြစ်ပြီး ကောင်းတာကို လမ်းညွှန်ပြသမည်ဆိုလျှင် နိုင်ငံနှင့်လူမျိုးအတွက် အရေးပါသော အကြောင်းအရာဖြစ်မည် ဖြစ်ကြောင်း၊ ဘက်စုံတိုးတတ်လာမည့် မြန်မာရိုးရာယဉ်ကျေးမှုများတွင် ကြီးသူကိုလေးစား၊ ငယ်သူကိုသနား တစ်ဦးနှင့်တစ်ဦး ရိုင်းပင်းကူညီ ရိုသေ ဂါရဝ နိဝါတ တရားရှိရမည်ဖြစ်ကြောင်း၊ လူသားများ၏ ကိုယ်နှုတ်အမှုအရာ စိတ်ထား ကိုယ်ကျင့်တရားကောင်းများ ရှင်သန်ရေးသည် စာရိတ္တမဏ္ဏိုင်ဖွံ့ဖြိုးတိုးတက်ရေး၏ အဓိကအကြောင်းတွေဖြစ် ပါကြောင်း၊ စာရိတ္တဟူသော ဝေါဟာရမှာ အကျင့်၊ အမူ၊ အလေ့အထ၊ ကိုယ်ကျင့်တရားများဖြစ်ပါကြောင်း၊ လူတိုင်းသည် ထို ၄ မျိုးဖြင့် ပြည့်စုံအောင် ပြုလုပ်ပေးရမှာဖြစ်ပါကြောင်း စသည်ဖြင့် လူငယ်များ စာရိတ္တနှင့်ပတ်သက်သည့် အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့သည်။
စည်သူလင်း(ပြန်/ဆက်)