ကျိုက်ထိုမြို့နယ်တွင် မီးခိုးမြူ ငွေ့ညစ်ညမ်းမှုအကြောင်း သိကောင်းစရာ အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ပြုလုပ်

ကျိုက်ထို ဖေဖော်ဝါရီ ၁၅

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေ ပြုဗဟိုဌာန Community Centre ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် သထုံခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနတို့ ပူးပေါင်းပြီး ယနေ့နံနက် (၁၀)နာရီ အချိန်က မီးခိုးမြူငွေ့ညစ်ညမ်းမှုအကြောင်း သိကောင်းစရာအသိပညာပေး Talk Show ဆွေးနွေးပွဲကို ကျင်းပ ပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်း သန်းမော်က အသိပညာပေး Talk Show အစီအစဉ် ပြုလုပ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး သထုံခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး‌ ဒေါ်ချမ်းမြတ်မြတ်နိုးက မီးခိုးမြူငွေ့ဖြစ်ပေါ်လာပုံ၊ မီးခိုးမြူငွေ့အမျိုးအစား၊ မီးခိုးမြူ‌ငွေ့ညစ်ညမ်းမှုဖြစ်‌ ပေါ်ရတဲ့အကြောင်းအရင်းများ၊ မီးခိုးမြူငွေ့ညစ်ညမ်းမှုကြောင့် ဖြစ်ပေါ်လာရတဲ့ နောက်ဆက်တွဲဆိုးကျိုးများ၊ မီးခိုးမြူ‌ငွေ့ညစ်ညမ်းမှု‌ကြောင့် ဖြစ်ပွားတဲ့အခါလိုက်နာ ဆောင်ရွက်ရမည့်အ‌ ကြောင်းအရာများကို ဆွေးနွေးခဲ့ပြီး၊ဒုတိယ လက်‌‌ထောက်ဦးစီးမှူး ဒေါ်သံစဉ်ပွင့်က မီးခိုးမြူ‌ငွေ့ညစ်ညမ်းမှုကို လျော့ချနိုင်မည့်နည်းလမ်းများ၊ မြန်မာနိုင်ငံအနေဖြင့် မီးခိုးမြူ‌ငွေ့ညစ်ညမ်းမှုကို‌ လျော့ချရန်အတွက်လက်ရှိ‌ ဆောင်ရွက်နေမှုများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့‌ကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယခုကဲ့သို့ အသိပညာ ပေး Talk Show ဆွေးနွေးပွဲအစီအစဉ်များ ရိုက်ကူးထုတ်လွှင့်ခြင်း အပါအဝင် ပြည်သူအသိပညာပေး ဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြည့်ဖြိုး (ကျိုက်ထို)