ပြင်ဦးလွင် ဖေဖော်ဝါရီ ၁၅
ပြင်ဦးလွင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအခြေပြုဗဟိုဌာန၌ ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူး ပေါင်း၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေး Talk Show ကို ယနေ့နံနက်(၁၀) နာရီတွင်ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ မီးဘေးအန္တရာယ်အသိပညာပေး Talk Showတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယမင်းလှိုင်က မီးသတ်ဦးစီးဌာန၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းတာဝန်များ၊ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဆောင်ရွက်ချက်များ စသည်တို့ကို မေးမြန်းရာ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမိုးဆွေမှ မီးသတ်ဦးစီးဌာနသည် ပြည်သူလူထု၏ အသက်အိုးအိမ်ပစ္စည်းများကို မီးဘေးအန္တရာယ်မှ တားဆီးကာကွယ်ရေး၊ သဘာဝဘေးအန္တရာယ်ကျရောက်သည့်အခါ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးကို ဆောင်ရွက်ရန်၊ ရည်မှန်းချက်တာဝန် (၄)ရပ်ဖြစ်သော မီးဘေးလုံခြုံရေး၊ ရှာဖွေကယ်ဆယ်ရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေးစသည့် ရည်မှန်းချက်တာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်းနှင့် မီးဘေးအန္တရာယ် ကြိုတင်ဆောင်ရွက်ထားသည့် နည်းလမ်းများ၊ မီးလောင်မှုဖြစ်ပွားပါက ဆောင်ရွက်ရမည့် နည်းလမ်းများက အသိပညာပေး ဆွေးနွေးခဲ့ပြီး ပြည်သူများ သိသင့်သည့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သိကောင်းစရာများကို မျှဝေပေးခဲ့ကြောင်း သိရသည်။
ထို့နောက် မီးဘေးအန္တရာယ်ကြုံတွေ့လာပါက လက်တွေ့ဆောင်ရွက်နိုင်ရန်အတွက် မီးသတ်ဆေးဘူးအသုံးပြု၍ မီးငြှိမ်းသတ်နည်းကို ရွေ့လျားရေလှောင်ကန်ဖြင့် မီးငြှိမ်းသတ်သရုပ်ပြ၍ ဝန်ထမ်းများမှလည်း လက်တွေ့ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)