အမ်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင်အတန်းများအလိုက် ကျောင်းတွင်းစစ်စာမေးပွဲအေးချမ်းစွာဖြေဆို

အမ်း ဖေဖော်ဝါရီ ၁၅

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာ ကျောင်းများတွင် အတန်းအလိုက် ကျောင်းတွင်းစစ် စာမေးပွဲဖြေဆိုခြင်းကို ယမန်နေ့ နံနက်ပိုင်းက အလယ်တန်းအဆင့်များကိုတစ်ရက်နှစ်ဘာသာ အထက်တန်းအဆင့် တစ်ဘာသာ နှုန်း​ဖြင့်စတင် ကျင်းပခဲ့သည်။

အဆိုပါစာမေးပွဲကို အခြေခံပညာအထက်တန်းကျောင်းများ၊ အခြေခံပညာအထက်တန်းကျောင်း (ခွဲ)များ၊ အခြေခံပညာအလယ် တန်းကျောင်းများ၊ အခြေခံပညာမူလတန်းလွန်ကျောင်းများနှင့် မူလတန်းကျောင်းများတွင် Grade(4)၊ Grade(6)၊ Grade(7) နှင့်Grade(8) ကျောင်းသား၊ကျောင်းသူများသည် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ အခြေခံသိပ္ပံ/ပထဝီဝင်၊ လူမှုရေး/သမိုင်း၊ အထွေထွေသိပ္ပံဘာသာရပ်များကို ယမန်နေ့မှစ၍ (၁၆)ရက်နေ့အထိ တစ်ရက်လျှင် နှစ်ဘာသာနှုန်းဖြင့် ဖြေဆိုသွားမည်ဖြစ်ပြီး၊ Grade (10)၊ Grade(11) ကျောင်းသား၊ကျောင်းသူများသည် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ/ဘောဂဗေဒ၊ လူမှုရေးသိပ္ပံ ဘာသာရပ်များကို ဖေဖော်ဝါ ရီလ(၁၄)ရက်နေ့မှ (၂၁)ရက်နေ့အထိ တစ်ရက်လျှင် တစ်ဘာသာနှုန်းဖြင့် ဖြေဆိုလျက်ရှိကြောင်း သိရသည်။

စိုးမင်းထွန်း