အောင်မြေသာစံခရိုင် ခရိုင်ကလေးသူငယ်ဆိုင်ရာ ကော်မတီ‌အစည်းအဝေး (၂/၂၀၂၃) ကျင်းပ

အောင်မြေသာစံ ဖေဖော်ဝါရီ ၁၅

မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံခရိုင် ခရိုင်ကလေးသူငယ်ဆိုင် ကော်မတီအစည်းအဝေး (၂/၂၀၂၃) ကို ယနေ့နံနက်(၁၀) နာရီတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါအစည်းအဝေးတွင် ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးအောင်ဆွေက အဖွင့်အမှာစကားပြောကြားပြီး ယခင်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှုများကို အတွင်းရေးမှူးက ဆက်လက်ဆွေးနွေးပါသည်။

ထို့နောက် တက်ရောက်လာသည့် ကော်မတီဝင်များက ကလေးသူငယ်အခွင့်အရေးဆိုင်ရာ လှုပ်ရှား‌ဆောင်ရွက်မှုများကို အသီးသီးဆွေးနွေးကြပြီး နွေရာသီကာလအတွင်း လူငယ်များအတွက် အကျိုးရှိစေမည့်သင်တန်းများဖွင့်လှစ်ရေး၊ ယဉ်ကျေးမှုဆိုင်ရာ သင်တန်း၊ အားကစားလှုပ်ရှားမှုနှင့် အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ရေး အစရှိသည်တို့ကို ဆွေးနွေးကာ အစည်းအဝေးဆုံးဖြတ်ချက်နှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)