ချောက်မြို့နယ်၌ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့

ချောက် ဖေ​ဖော်ဝါရီ ၁၅

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား (၁၀၁၅)ဦးအတွက်၂၀၂၂-၂၀၂၃ ဘဏ္ဍာ​ရေးနှစ်၊ လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ယ​နေ့နံနက်ပိုင်းမှစတင်၍ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

ချောက်မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးအဘိုးအဘွားများအား နိုင်ငံတော်မှ တစ်လလျှင် ငွေကျပ် ၁၀၀၀၀နှုန်းဖြင့် (၃) လတစ်ကြိမ် ထောက်ပံ့ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာ​ရေးနှစ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလ) လများအတွက် အဘိုးအဘွားတစ်ဦးလျှင် လူမှုရေးပင်စင်​ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့်​ထောက်ပံ့​ပေးလျက်ရှိသည်​။ ချောက်မြို့နယ်အတွင်းရှိ အသက် (၈၅) နှစ်အထက်သက်ကြီး အဘိုး (၃၀၈)ဦး၊ အဘွား(၇၀၇)ဦး၊ စုစု​ပေါင်းအဘိုးအဘွား (၁၀၁၅) ဦးအတွက် စုစုပေါင်း‌ ငွေကျပ် ၃၀၄၅၀၀၀၀ အား ​ချောက်မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာနမှစာ​ရေးဝန်ထမ်းများ၊ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများက အိမ်တိုင်ရာရောက်ထောက် ပံ့ပေးလျက်ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ ဆက်)