ဇေယျာသီရိ ဖေဖော်ဝါရီ ၁၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဇေယျာသီရိမြို့နယ်ရှိ အခြေခံ ပညာကျောင်းများမှ ကျောင်းသား/သူများ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များအခမဲ့ ငှားရမ်းပေးခြင်းကို ယနေ့မွန်းလွဲပိုင်းက နန်းဩကျေးရွာ အခြေခံပညာအလယ်တန်းလွန်ကျောင်း၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါကွင်းဆင်းဆောင်ရွက်မှုတွင် ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနမှဦးစီးအရာရှိ ဒေါ်သင်းမြတ်မွန်နှင့် ဝန်ထမ်းများက ကျောင်းသား/သူများ အားလပ်ချိန်ကို အကျိုးရှိစွာအသုံးပြုနိုင်ရေး၊ ကျောင်းစာအပြင် ဗဟုသုတတိုးပွားရေးအတွက် ပြင်ပစာပေများကိုပါ လေ့လာဖတ်ရှုနိုင်ရေးရည်ရွယ်၍ ကွင်းဆင်းငှားရမ်းပေးခြင်းဖြစ်ရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ကျောင်းသား/သူ စာဖတ်ပရိသတ်များအတွက် သုတ၊ ရသ၊ ရုပ်ပြ၊ မဂ္ဂဇင်းစသည့် စာအုပ်စာ စောင်ပေါင်း ၂၀၀ ကျော်ဖြင့် ကွင်းဆင်းငှားရမ်းပေးခဲ့ပြီး လူငယ်နှင့်မူးယစ်ဆေးဝါးအသိပညာပေး နံရံကပ်စာစောင်နှင့် လူငယ်နှင့်လူကုန်ကုးမှုအန္တရာယ်အသိပညာပေး နံရံကပ်စာစောင်များအား ပြသခဲ့ကြောင်း သိရသည်။
ထွန်းလင်း (ဇေယျာမြေ)