အမရပူရ ဖေဖော်ဝါရီ ၁၅
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ယမန်နေ့နံနက် ၁၁ နာရီခွဲအချိန်က ရွှေကြက်ယက်အခြေခံပညာအထက်တန်းကျောင်း၊ အေးမြတ်သီတာခန်းမ၌ အသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့ကြောင်းသိရသည်။
ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ဖြူဖြူထွန်းက အဖွင့်အမှာစကားပြောပြားပြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနေဝင်းထွန်းက လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့်ဟောပြောပြီး ကာယပညာသိပ္ပံကျောင်းတက်လိုသော ကျောင်းသားများရှိက စာရင်းပေးရန်ပြောကြားသည်။ ဆက်လက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သန္တာထွန်းက လူငယ်နှင့်မူးယစ်ဆေးဝါအန္တရာယ် ခေါင်းစဉ်ဖြင့်ဟောပြောပြီး နွေရာသီ စာကြည့်တိုက်သို့လာရောက်ရန် ဖိတ်ကြားခဲ့ကြောင်းသိရသည်။ အသိပညာပေးဟောပြောပွဲအပြီးတွင် ကျောင်းအတွက်အားကစားပစ္စည်းများ လှူဒါန်းခဲ့ကြောင်းသိရသည်။
စိုးသီဟ